Connect with us

Africa & Middle East

အီဂျစ်နိုင်ငံတွင် Egyptian Food Bank အဖွဲ့က ငတ်မွတ်ခေါင်းပါးမှု လျော့ပါးရေး အခမဲ့စားနပ်ရိက္ခာဘူးများ ပြင်ဆင်လျက်ရှိ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ Egyptian Food Bank အဖွဲ့တွင် အခမဲ့စားနပ်ရိက္ခာဘူးများ ပြင်ဆင်နေသူများကို ၂၀၂၄ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မတ် ၁၁ ရက် (ဆင်ဟွာ)

မတ် ၁၁ ရက်တွင် အစ္စလာမ်ဘာသာဝင်များ၏ သန့်ရှင်းသော ရမ်ဇာန်လ စတင်ပြီဖြစ်သဖြင့် အီဂျစ်နိုင်ငံနှင့် အနီးဝန်းကျင် ဂါဇာကမ်းမြောင်ဒေသ၌ နွမ်းပါးသူများအတွက် အခမဲ့စားနပ်ရိက္ခာဘူးများ ပြင်ဆင်ရေးအတွက် Egyptian Food Bank (EFB) အကျိုးအမြတ်မယူသောအဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက မအားမလပ်ဆောင်ရွက်နေကြသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ Egyptian Food Bank အဖွဲ့တွင် အခမဲ့စားနပ်ရိက္ခာဘူးများ ပြင်ဆင်နေသူများကို ၂၀၂၄ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်မြောင်ဒေသ ခန်ယွန်းနစ်မြို့ရှိ နေအိမ်များမှ ထွက်ပြေးနေကြသူများကို ၂၀၂၄ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အစားအစာ – အသက်ရှင်မှု၏အဓိက” ဟူသော စာတန်းချိတ်ဆွဲထားသည့် ထရပ်ကားများနှင့် ဝန်ပင့်ယာဉ်များက စားနပ်ရိက္ခာဘူးများကို တင်ဆောင်ကာ ပို့ဆောင်ပေးခြင်းဖြင့် ငါးထပ်အဆောက်အအုံ EFB ရုံးချုပ်သည် နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးကာလကို ကြိုဆိုလျက်ရှိသည်။

“နိုင်ငံတစ်ဝန်း ရပ်ရွာအခြေပြုအဖွဲ့အစည်း ၃,၇၀၀ ခန့်၊ စာရင်းသွင်းထားတဲ့ နွမ်းပါးသူ ၅ သန်းနီးပါးကို ကျွန်တော်တို့ ပံ့ပိုးပေးနေပါတယ်” ဟု EFB ထောက်ပံ့ကွင်းဆက်ဆိုင်ရာ ညွှန်ကြားရေးမှူး Ibrahim Shaheen က ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့အစည်းတွင် ထုပ်ပိုးခြင်းနှင့် ဂိုဒေါင်များ၌ လခစားဝန်ထမ်း ၁၂၀ ခန့်ရှိပြီး စုစုပေါင်းဝန်ထမ်းအရေအတွက် ၁,၀၀၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Egyptian Food Bank prepares free food boxes to alleviate hunger in Egypt, Gaza in upcoming Ramadan
CAIRO, March 10 (Xinhua) — Workers and volunteers with the non-profit organization Egyptian Food Bank (EFB) are working nonstop to prepare free food boxes for those underprivileged both in Egypt and the neighboring besieged Gaza Strip, as the Muslim holy month of Ramadan will start on Monday.
Raising the slogan of “Food: the Essence of Life,” surrounded by trucks and forklifts for loading and transporting food boxes, the five-story EFB headquarters is welcoming its highest season for the past 20 years.
“We provide supplies to about 3,700 community-based organizations nationwide, with nearly 5 million registered indigents,” said Ibrahim Shaheen, director of the supply chain sector at the EFB, adding that the organization has about 120 direct workers in packaging and warehouses, while the total number of employees is about 1,000.
Photo 1, 2: Workers and volunteers work to prepare free food boxes at the Egyptian Food Bank in Cairo, Egypt, on March 2, 2024. (Xinhua/Ahmed Gomaa)
Photo 3: People flee from their homes in the southern Gaza Strip city of Khan Younis, on March 4, 2024. (Photo by Rizek Abdeljawad/Xinhua)