Connect with us

China

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးအတွက် အစီအစဉ်ထုတ်ပြန်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ၏ ၁၄ ကြိမ်မြောက် အမျိုးသားကော်မတီ၊ ပထမအကြိမ်အစည်းအဝေး၏ ဒုတိယမြောက် မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၃ ခုနှစ် မတ် ၇ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၏ ၁၄ ကြိမ်မြောက် အမျိုးသားကော်မတီ၊ ဒုတိယအကြိမ်အစည်းအဝေးအတွက် အဓိကအစီအစဉ်ကို မတ် ၁ ရက်၌ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
CPPCC ၏ ၁၄ ကြိမ်မြောက် အမျိုးသားကော်မတီ၊ ဒုတိယအကြိမ်အစည်းအဝေးကို ပေကျင်းမြို့တွင် မတ် ၄ ရက်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း မတ် ၁ ရက်၌ ပြုလုပ်သော CPPCC အမျိုးသားကော်မတီ၊ အမြဲတမ်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးအစီအစဉ်တွင် CPPCC အမျိုးသားကော်မတီ၊ အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာနှင့် CPPCC အမျိုးသားကော်မတီ ယခင်အစည်းအဝေးမှစ၍ နိုင်ငံရေးအတိုင်ပင်ခံများမှ မည်သို့ကိုင်တွယ်ဆောင်ရွက်ထားသည်ဟူသော အဆိုပြုချက်များဆိုင်ရာ အစီရင်ခံစာတို့အား ကြားနာခြင်းနှင့် ဆွေးနွေးဆုံးဖြတ်ခြင်း ပါဝင်သည်။

ထို့ပြင် CPPCC အမျိုးသားကော်မတီဝင်များသည် အစိုးရလုပ်ငန်းအစီရင်ခံစာ အပါအဝင် သဘောတူညီချက်များအား ကြားနာရန်နှင့် ဆွေးနွေးရန် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာကွန်ဂရက်၊ ဒုတိယအကြိမ်အစည်းအဝေးကိုလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ်အရ သိရသည်။ (Xinhua)

…………………………………
(English Version)
Proposed agenda unveiled for annual session of China’s top political advisory body
BEIJING, March 1 (Xinhua) — The main agenda proposed for the upcoming second session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC), China’s top political advisory body, was unveiled Friday.
The second session of the 14th National Committee of the CPPCC will open on March 4 in Beijing, according to a decision made at a meeting of the Standing Committee of the CPPCC National Committee on Friday.
The proposed agenda for the session includes hearing and deliberating a work report of the Standing Committee of the CPPCC National Committee and a report on how the proposals from political advisors have been handled since the previous session of the CPPCC National Committee.
Members of the CPPCC National Committee will sit in on the second session of the 14th National People’s Congress to hear and discuss documents including the government work report, according to the proposed agenda.
Photo: The second plenary meeting of the first session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC) is held at the Great Hall of the People in Beijing, capital of China, March 7, 2023. (Xinhua/Yin Bogu)