Connect with us

Europe

ရုရှားနိုင်ငံတွင် ရေကြီးမှုများကြောင့် လူနေအိမ် ၁၃,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ရပြီး လူ ၇,၇၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရ

ရုရှားနိုင်ငံ ဗလာဒီဗော့တော့ခ်မြို့လယ်တွင် မိုးရွာသွန်းခြင်းကြောင့် လမ်းပေါ်ရေလျှံနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရေကြီးမှုများကြောင့် လူနေအိမ် ၁၃,၀၀၀ ကျော်ရေနစ်မြုပ်ခဲ့ရပြီး ဒေသခံပြည်သူ ၇,၇၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရသောကြောင့် အခြေအနေမှာ စိုးရိမ်ရကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဧပြီလ ၁၀ ရက်တွင်ပြောသည်။
ရေကြီးမှုဒဏ်ကို အများဆုံးခံရသည့်ဒေသမှာ အော်ရန်ဘာ့ဂ်ဒေသဖြစ်ပြီး ယခုအခါရေကြီးမှုများသည် ကာဂန်နှင့် ထရူမန်ဒေသများသို့ ပျံ့နှံ့လာပြီဖြစ်ရာ စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိလာကြောင်း၊ ရေဘေးသင့်ပြည်သူများအား အစွမ်းကုန်အကူအညီပေးကြရန် ဒီမီထရီပက်စကော့က ဒေသန္တရအစိုးရအဖွဲ့များအား တောင်းဆိုထားသည်။
ကာဂန်ဒေသတွင် ရေကြီးမှုကြောင့် ဒေသခံပြည်သူ ၄,၅၀၀ ကျော်ကို အာဏာပိုင်အဖွဲ့က ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးထားကြောင်း အုပ်ချုပ်ရေးမှူး ဗာဒင်ရွှမ်ကော့ဗ်ကပြောသည်။
ထို့ပြင် ဒေသတွင်းရှိ တိုဘိုမြစ်ရေသည် ၉ မီတာမှ ၁၀ မီတာအထိ မြင့်တက်လာနိုင်ကြောင်းနှင့် အဆိုးရွားဆုံးရေကြီးမှုကာလသည် ဧပြီလ ၁၁ ရက်မှ ၁၄ ရက်အတွင်းဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၊ ဗိုလ်ဂါဒေသနှင့် အလယ်ပိုင်းခရိုင်များတွင် နေ့စဉ်မြင့်တက်လာသည့် အပူချိန်ကြောင့် ဆီးနှင်းများအရည်ပျော်ခြင်း၊ မြစ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့ကြောင့် ရေကြီးမှုများဖြစ်ပေါ်လေ့ရှိကြောင်းသိရသည်။ (Xinhua)

…………………….
(English Version)
Over 13,000 houses flooded in parts of Russia
MOSCOW, April 10 (Xinhua) — More than 13,000 residential buildings have been flooded in parts of Russia, local media reported Wednesday.
Most of the flooded areas are in the Orenburg region, where 12,800 houses were inundated, TASS news agency reported, citing the operational services.
Over 7,700 people have been evacuated in the Orenburg region, the press service of the regional government said.
In the city of Orsk in Orenburg, where the flood situation is the most severe, 6,793 residential buildings were flooded and 2,616 people were evacuated, of which 1,387 are in temporary accommodation facilities.
Due to a continuous rise in daily average temperatures, snowmelt, and rivers thawing, floods have been ravaging Russia’s western Siberia, the Volga region and the Central Federal District. ■
Photo- A street is flooded by rainwater in downtown Vladivostok, Russia, Aug. 23, 2023. (Photo by Guo Feizhou/Xinhua)