Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် လက်၊ ခြေနှင့် ပါးစပ်တို့၌ ရောဂါဖြစ်ပွားမှုမြင့်တက်နေ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ယခုနှစ်အစောပိုင်းမှစပြီး လက်၊ ခြေနှင့် ပါးစပ် ရောဂါဖြစ်ပွားမှုသည် ၁၀,၁၉၆ ဦးထိရှိလာကြောင်း၊ ၎င်းမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ဆ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ အထွေထွေရောဂါ ကာကွယ်ဆေးဦးစီးဌာနက ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရောဂါဖြစ်ပွားမှုအများစုမှာ တောင်ပိုင်းဒေသမှဖြစ်ပြီး ရောဂါဖြစ်ပွားသူပေါင်း ၇,၅၀၀ ကျော်ရှိကြောင်း အဆိုပါဦးစီးဌာနက ပြောသည်။ များသောအားဖြင့် ရောဂါဖြစ်ပွားမှုမှာ သူငယ်တန်းကျောင်းများတွင်ဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးငယ် ၉၀ ရာခိုင်နှုန်း ကူးစက်ခံထားရကြောင်း၊ သို့သော်လည်း လက်ရှိအချိန်အထိ အဆိုပါရောဂါကြောင့် သေဆုံးသူမရှိသေးကြောင်း အထွေထွေရောဂါ ကာကွယ်ဆေးဦးစီးဌာနက ပြောသည်။
လက်တလောတွင် လက်၊ခြေ နှင့် ပါးစပ်ရောဂါကို ကာကွယ်ရန် ကာကွယ်ဆေး မရှိသေးကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဟောင်မင်းဒုကပြောသည်။ (Xinhua)

…………………….
(English Version)
Hand-foot-mouth disease on rise in Vietnam
HANOI, April 10 (Xinhua) — Vietnam has reported 10,196 hand-foot-mouth disease cases since early this year, an increase of 2.3 times compared to the same period last year, according to the General Department of Preventive Medicine under the Ministry of Health on Wednesday.
The majority of the cases were reported in the southern region with more than 7,500 cases, said the department.
The disease was reported mostly at kindergartens where 90 percent of children aged under 5 were infected, with no fatalities reported so far, it said.
Hoang Minh Duc, the department’s director, said there is currently no vaccine available to prevent the hand-foot-mouth disease. The primary mode of transmission for the disease is through the digestive tract, making preschool educational facilities high-risk environments for infection. ■

This photo taken on Dec. 9, 2023 shows a view of Hanoi, capital of Vietnam.