Connect with us

Europe

အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုလျှော့ချရေး G7 နိုင်ငံခြားရေးဝန်ကြီးများ တိုက်တွန်း

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်အဆောက်အအုံကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွင်ပါဝင်သော နိုင်ငံများအားလုံးအနေဖြင့် တင်းမာမှု ထပ်မံဖြစ်ပွားခြင်းကို ကာကွယ်ရာ၌ ပါဝင်ရန် G7 အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ G7 အနေဖြင့် ပဋိပက္ခထိန်းသိမ်းရေးတွင် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အီတလီနိုင်ငံ ကပ်ပရီမြို့၌ ဧပြီ ၁၉ ရက်က ပြုလုပ်သော ဝန်ကြီးအဆင့်အစည်းအဝေးအပြီး သတင်းစာရှင်လင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
G7 foreign ministers urge de-escalation in Middle East
ROME, April 19 (Xinhua) — Foreign ministers from the Group of Seven (G7) countries have urged all parties involved in the Middle East conflicts to prevent further escalation. Addressing a press conference Friday after a ministerial meeting in Capri, Italy, U.S. Secretary of State Antony Blinken said the United States was not involved in Israel’s strike, adding the G7 remained devoted to defusing the crisis.
Photo: This photo taken on Nov. 15, 2023 shows part of the European Commission building in Brussels, Belgium. (Xinhua/Zhao Dingzhe)