Connect with us

Media

Lufthansa ကုမ္ပဏီက တရုတ်နိုင်ငံတွင် လုပ်ငန်းတိုးချဲ့ခြင်းက တရုတ်ဈေးကွက်ကို အခိုင်အမာယုံကြည်မှုရှိကြောင်း ပြသနေ

ရှန်ဟိုင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

Lufthansa Boeing 747-400 လေယာဉ်တစ်စင်း ရှန်ဟိုင်း ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဧပြီ ၁၈ ရက်က ဆင်းသက်ခဲ့ခြင်းသည် ရှန်ဟိုင်း-ဖရန့်ဖွတ်လမ်းကြောင်းကို စတင်ဖွင့်လှစ်သည့် နှစ် ၃၀ ပြည့်အထိမ်းအမှတ်ဖြစ်သည်။ ဂျာမန်အထင်ကရလေကြောင်းလိုင်းဖြစ်သော Lufthansa ကုမ္ပဏီက ရှန်ဟိုင်းတွင် ရင်းနှီးမြှုပ်နှံမှုမှာ ကပ်ရောဂါကာလမတိုင်မီအဆင့်သို့ ပြန်လည်ရောက်ရှိလာခဲ့သလို တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းက တရုတ်ဈေးကွက်အား ယုံကြည်မှုရှိကြောင်းကို ဖော်ပြခြင်းလည်းဖြစ်သည်ဟု Lufthansa အမှုဆောင်အရာရှိချုပ်က ပြောခဲ့သည်။ (Xinhua)

…………………………….
(English Version)
Lufthansa’s increase of capacity to China shows strong belief in Chinese market: CEO
A Lufthansa Boeing 747-400 landed at Shanghai Pudong International Airport on Thursday, marking the 30th anniversary of the launch of the Shanghai-Frankfurt route.
The German flagship airline’s capacity to Shanghai has returned to the pre-pandemic level. Lufthansa CEO says the airline’s continuous increase of capacity to China demonstrates its confidence in the Chinese market.