Connect with us

Africa & Middle East

ကာတာက ဂါဇာအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများတွင် ကြားဝင်စေ့စပ်သူ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်မည်

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအတွင်း ပျက်စီးသွားသောအဆောက်အအုံများ၌ ဒဏ်ရာရသူများအား ကယ်ဆယ်နေသူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွားနေသော ဂါဇာပဋိပက္ခတွင် အစ္စရေးနှင့် ဟားမက်စ်ကြား ကြားဝင်စေ့စပ်သူဟူသော အခန်းကဏ္ဍကို “ကာတာ ဆန့်ကျင်ရေးကမ်ပိန်းများ” ကြောင့် ပြန်လည်သုံးသပ်လျက်ရှိကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ မီဒီယာနှင့် တာဝန်ရှိသူအများအပြားမှ ဖော်ဆောင်ခဲ့သော အဆိုပါ ကမ်ပိန်းများက “ကြားဝင်စေ့စပ်သူအဖြစ် ကာတာနိုင်ငံ၏ အခန်းကဏ္ဍကို တိုက်ခိုက်ရန်” ရည်ရွယ်ခြင်းဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed Al-Ansari က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(English Version)
Qatar reassesses role as mediator in Gaza ceasefire talks
DOHA, April 23 (Xinhua) — Qatar is undergoing reassessment of its role as a mediator between Israel and Hamas in the ongoing Gaza conflict due to “campaigns against Qatar,” said a Qatari Foreign Ministry spokesperson on Tuesday. These campaigns by various media outlets and officials were aimed at “attacking Qatar’s role as a mediator,” said Majed Al-Ansari at a media briefing.
Photo: People rescue the injured at buildings destroyed in Israeli airstrikes in the southern Gaza Strip city of Rafah, on Oct. 12, 2023. (Photo by Khaled Omar/Xinhua)