Connect with us

China

တရုတ်နိုင်ငံ၏ အာကာသစခန်းရှိ သိပ္ပံနှင့် လက်တွေ့အသုံးချပရောဂျက်များက အောင်မြင်မှုအသီးအပွင့်များရရှိ

တရုတ်နိုင်ငံ၏ လူလိုက်ပါသောအာကာသယာဉ် ရှန်ကျိုး-၁၅ နှင့် ထျန်းဟဲအာကာသစခန်းမော်ဂျူးနှင့် အလိုအလျောက်ချိတ်ဆက်မှု သရုပ်ပြရုပ်ပုံကို နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော အာကာသစခန်းရှိ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနနှင့် အသုံးချပရောဂျက် ၁၃၀ ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်မှုအသီးအပွင့်များ ရရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က ဧပြီ ၂၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ သိပ္ပံပညာရပ်ဆိုင်ရာ လက်တွေ့သုတေသန နမူနာပစ္စည်း ၃၀၀ ကျော်ကို လူလိုက်ပါသောမစ်ရှင်များဖြင့် အာကာသမှ ပြန်လည်ယူဆောင်လာသည်မှာ အသုတ် ၅ သုတ်ရှိပြီဖြစ်ကြောင်း CMSA ၏ လက်ထောက်ညွှန်ကြားရေးမှူး Lin Xiqiang က ပြောကြားခဲ့သည်။ (Xinhua)

အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SVE

………………………………………….
(English Version)
Science, application projects on China’s space station fruitful
JIUQUAN, April 24 (Xinhua) — China has carried out more than 130 scientific research and application projects in its orbiting space station, and yielded fruitful achievements, the China Manned Space Agency (CMSA) announced at a press conference on Wednesday. More than 300 scientific experiment samples have been brought back from space by manned missions in five batches, said Lin Xiqiang, deputy director of the CMSA.
Photo: This simulated image captured at the Jiuquan Satellite Launch Center in northwest China shows the manned spaceship Shenzhou-15 conducting a fast automated rendezvous and docking with the space station’s Tianhe module on Nov. 30, 2022. (Xinhua/Guo Zhongzheng)