Connect with us

Africa & Middle East

အီဂျစ်နိုင်ငံသမ္မတ အယ်လ်စီစီ တတိယအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

အီဂျစ်နိုင်ငံ အုပ်ချုပ်ရေးမြို့တော်သစ်ရှိ အီဂျစ်ပါလီမန်ရုံးချုပ်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား၌ သမ္မတ အဗ္ဗဒဲလ်-ဖတ်တာ အယ်လ်စီစီအား ၂၀၂၄ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံသမ္မတ အယ်လ်စီစီသည် ဧပြီ ၂ ရက်တွင် တတိယအကြိမ်မြောက် သမ္မတသက်တမ်း အတွက်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သမ္မတတာဝန်ကို ၂၀၃၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံပိုင် နိုင်းလ်ရုပ်မြင်သံကြားသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အုပ်ချုပ်ရေးမြို့တော်သစ်ရှိ အီဂျစ်ပါလီမန်၏ ဌာနချုပ်တွင် ကျင်းပသည့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် ရီပတ်ဗလစ်ကန်စနစ်ကို ကာကွယ်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေကို လေးစားလိုက်နာရန်၊ ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတော်နှင့် စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် သန္နိဋ္ဌာန်ချထားကြောင်း သမ္မတ အယ်လ်စီစီက ပြောကြားသည်။

ထို့ပြင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပြောကြားသည့် မိန့်ခွန်းတွင် အီဂျစ်ပြည်သူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရေးအတွက် ဆောင်ရွက်သွားမည်ဟုလည်း အီဂျစ်နိုင်ငံသမ္မတ အယ်လ်စီစီက ကတိကဝတ်ပြုပြောကြားသည်။
မိမိ၏ ထိပ်တန်းဦးစားပေး လုပ်ငန်းများသည် နိုင်ငံတော်၏ လုံခြုံရေးကို အကာအကွယ်ပေးကာ တည်ငြိမ်သော ဒေသပတ်ဝန်းကျင်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုးတက်မှုများ ရရှိရန်ဖြစ်ကြောင်း အီဂျစ်နိုင်ငံသမ္မတ အယ်လ်စီစီက ထပ်လောင်းပြောကြားသည်။
အကျပ်အတည်းများ ရင်ဆိုင်ရဆိုင်ရချိန်တွင် အီဂျစ်နိုင်ငံ၏ စီးပွားရေးအရင်းအမြစ်များကို အမြင့်ဆုံးမြှင့်တင်ရန်အတွက် မဟာဗျူဟာများကို အစိုးရအနေဖြင့်ရေးဆွဲနေကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ် အသီသီးတွင် ပုဂ္ဂလိက ကဏ္ဍ၏ ပံ့ပိုးကူညီမှုကို မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း အီဂျစ်နိုင်ငံသမ္မတ အယ်လ်စီစီက ပြောကြားသည်။

အီဂျစ်နိုင်ငံသမ္မတ အယ်လ်စီစီသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အီဂျစ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် တရားဝင်မဲအရေအတွက် ၈၉ ဒသမ ၆ ရာခိုင်နှုန်းဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် အီဂျစ်နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေအရ အယ်လ်စီစီသည် ၂၀၂၄ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ခြောက်နှစ် သမ္မတသက်တမ်းကို ထမ်းဆောင်ရမည်ဖြစ်ကြောင်းလည်းသိရသည်။
အယ်လ်စီစီသည် ၂၀၁၄ ခုနှစ်တွင် လေးနှစ်ကြာသက်တမ်းရှိ ပထမဆုံး အီဂျစ်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင် ဒုတိယသမ္မတသက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ (Xinhua)

………………………….
(English Version)
Egypt’s president sworn in for 3rd term in new capital
CAIRO, April 2 (Xinhua) — Abdel-Fattah al-Sisi took the constitutional oath on Tuesday as president of Egypt for a third consecutive term in office, serving until 2030, the state-run Nile TV reported.
In an aired ceremony held at the headquarters of the Egyptian Parliament in the New Administrative Capital, Sisi vowed to “protect the republican system, respect the constitution and the law, safeguard the people’s interests, and to preserve the independence of the nation and the unity of land.”
“I reaffirm my commitment to continuing the journey of nation-building and fulfilling the aspirations of the Egyptian people in building a modern democratic state,” the Egyptian president said in a speech after taking the oath.
He reiterated his top priorities are safeguarding the nation’s security and achieving development and progress “in the turbulent regional surroundings.”
Stressing the government is devising strategies “to maximize the economic resources of Egypt in the face of crises,” Sisi said, “We work on boosting the contribution of the private sector in different developmental areas.”
Sisi emerged victorious in Egypt’s 2024 presidential elections in December 2023, winning 89.6 percent of valid votes. According to the Egyptian constitution, established in 2014 with amendments in 2019, he will serve a six-year presidential term which runs from 2024 to 2030.
He was first elected Egyptian president for four years in 2014 and was re-elected for a second term in 2018. ■
Photo- Egyptian President Abdel-Fattah al-Sisi speaks during his swearing-in ceremony at the headquarters of the Egyptian Parliament in the New Administrative Capital, Egypt, April 2, 2024. Abdel-Fattah al-Sisi took the constitutional oath on Tuesday as president of Egypt for a third consecutive term in office, serving until 2030, the state-run Nile TV reported. (Egyptian Presidency/Handout via Xinhua)