Connect with us

International Organizations

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ဖြစ်လာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ် အပြင်ဘက်မြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ (Julie Bishop) ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဧပြီ ၅ ရက်တွင် ကြေညာခဲ့သည်။
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ဩစတြေးလျ အမျိုးသားတက္ကသိုလ်၏ အဓိပတိဖြစ်သော ဘိရှော့သည် စင်ကာပူနိုင်ငံမှ နိုလင်းဟေဇာ၏ နေရာ၌ အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်။
ဘိရှော့သည် နိုင်ငံရေး၊ ဥပဒေ၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံကြွယ်ဝသူလည်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
ထို့ပြင် ဘိရှော့သည် ပညာရေး၊ အမျိုးသမီးအရေးနှင့် သက်ကြီးရွယ်အိုဆိုင်ရာ အရေးကိစ္စများတွင် ဝန်ကြီးအဆင့်တာဝန်များအပါအဝင် ဩစတြေးလျအစိုးရအတွင်း အဆင့်မြင့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၎င်းအနေဖြင့် ဥပဒေရေးရာလုပ်ငန်းများကို နှစ်ပေါင်းနှစ်ဆယ် လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဩစတြေးလျပါလီမန် အမတ်တစ်ဦးလည်းဖြစ်ခဲ့သည်။ (Xinhua)
……………………………………………
(English Version)

Former Australian FM appointed UN special envoy on Myanmar
UNITED NATIONS, April 5 (Xinhua) — UN Secretary-General Antonio Guterres announced on Friday the appointment of former Australian Foreign Minister Julie Bishop as his special envoy on Myanmar.
Bishop, who served as Australian foreign minister between 2013 and 2018 and is currently chancellor of the Australian National University, replaces Noeleen Heyzer of Singapore.
The announcement said Bishop brings extensive political, legal, management and senior leadership experience to her new role.
Bishop has held several high-level positions in the Australian government, including ministerial portfolios for education, women’s issues, and aging. She was a member of the Australian Parliament from 1998 to 2019, following a 20-year legal career.
Photo: Photo taken on Sept. 14, 2020 shows the outside view of the United Nations headquarters in New York, the United States. (Xinhua/Wang Ying)