Connect with us

Europe

ဗီယက်နမ်နိုင်ငံတွင် မီးလောင်မှု ၃၇၂ ကြိမ် ဖြစ်ပွားပြီး လူသုံးဦး သေဆုံး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Thanh Xuan ခရိုင်၊ Khuong Dinh ရပ်ကွက်တွင် ဒဏ်ရာရသူတစ်ဦးအား ရွှေ့ပြောင်းနေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-VNA via Xinhua)

ဟနွိုင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမလေးလအတွင်း မီးလောင်မှု ၃၇၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မီးဘေးကာကွယ်ရေး၊ မီးလောင်မှုတိုက်ဖျက်ရေးနှင့် ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
မီးလောင်မှုကြောင့် ဗီယက်နမ်ဒေါင် ၁၈ ဒသမ ၆၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၃၄,၇၀၀) ဆုံးရှုံးခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက မေ ၉ ရက်က ဖော်ပြခဲ့သည်။ မီးလောင်မှု ၂၁၈ ကြိမ်သည် မြို့ပြဒေသများတွင် ဖြစ်ပွားခဲ့သည်။
နိုင်ငံတစ်ဝန်း မီးလောင်မှု ၃၇၂ ကြိမ်အနက် ၂၀၄ ကြိမ်သည် လျှပ်စစ်စနစ် ချို့ယွင်းချက်ကြောင့် သို့မဟုတ် ပေါ့ဆမီးကြောင့်ဖြစ်သည်။ ဖော်ပြပါကာလအတွင်း ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့ကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဌာနက ဆက်လက်ဖော်ပြထားသည်။ (Xinhua)

……………………………
(English Version)
3 killed in 372 fires in Vietnam in 4 months
HANOI, May 9 (Xinhua) — A total of 372 fires happened in Vietnam in the first four months this year, killing three people and injuring two others, according to the country’s Police Department of Fire Prevention, Fighting and Rescue.
The fires caused property losses of some 18.69 billion Vietnamese dong (734,700 U.S. dollars), Vietnam News Agency reported Thursday.
Most of the fires (218 cases) occurred in the urban areas.
Among 372 fires reported nationwide, 204 cases have causes clarified, mostly due to electrical system failure, or careless use of fire and heat sources.
The department also reported four explosions during the cited period, killing one and injuring six others. ■
Rescuers transfer an injured person in Khuong Dinh ward, Thanh Xuan district, Hanoi, Vietnam, Sept. 13, 2023.(VNA via Xinhua)