Connect with us

Asia

ဗီယက်နမ်အမျိုးသားလွှတ်တော်က ဒုတိယဥက္ကဋ္ဌ ထရန်သန်မင်းကို လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသော ထရန်သန်မင်းကို ၂၀၂၄ ခုနှစ် မေ ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ် အမျိုးသားလွှတ်တော်သည် မေ ၂၀ ရက်တွင် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ထရန်သန်မင်းကို လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ အသက် ၆၁ နှစ်အရွယ် ထရန်သန်မင်းသည် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ကို ၂၀၂၁ ခုနှစ်မှစ၍ တာဝန်ယူခဲ့သူဖြစ်သည်။

ထရန်သန်မင်းသည် ဗီယက်နမ်အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အရ လွှတ်တော် ဥက္ကဋ္ဌ ဗောင်ဒင်ဟူး၏ အရိုက်အရာကိုဆက်ခံရမည်ဖြစ်သည်။

ဗောင်ဒင်ဟူးသည် ကွန်မြူနစ်ပါတီစည်းကမ်းများ ချိုးဖောက်မှုစွဲချက်များကြောင့် ပြီးခဲ့သည့်လအတွင်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဗီယက်နမ် အမျိုးသားလွှတ်တော် မဲခွဲပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၇၅ ဦးစလုံးက ထရန်သန်မင်းကို လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် ထောက်ခံမဲပေးခဲ့ကြကြောင်းသိရသည်။ (Xinhua)

………………………..
(English Version)
Tran Thanh Man elected as Vietnam’s National Assembly chairman
HANOI, May 20 (Xinhua) — The National Assembly (NA) of Vietnam on Monday elected Tran Thanh Man as its new chairman, local media reported.

He used to be vice chairman and chairman of the Vietnam Fatherland Front Central Committee and has been the permanent NA vice chairman since April 2021.

On April 26, the 13th Communist Party of Vietnam Central Committee accepted the resignation of Vuong Dinh Hue as a Politburo member and Vietnam’s NA chairman upon his personal request.
During an extraordinary session held on May 2, the country’s top legislature passed a resolution to relieve Hue from being the NA chairman and a 15th tenure NA deputy.■
Tran Thanh Man is sworn in as Vietnam’s National Assembly chairman in Hanoi, Vietnam, May 20, 2024. (VNA/Handout via Xinhua)