Connect with us

China

PLA က ထိုင်ဝမ်ကျွန်းဝန်းကျင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

နန်ကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းတိုင်းစစ်ဒေသက ထိုင်ဝမ်ကျွန်းဝန်းကျင်တွင် မေ ၂၃ ရက် နံနက် ၇:၄၅ နာရီမှစ၍ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်၊ Kinmen ၊ Matsu ၊ Wuqiu နှင့် Dongyin ကျွန်းများရှိ နေရာများတွင် ပြုလုပ်ခြင်းဖြစ်သည်။

ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် အရှေ့ပိုင်းတိုင်းစစ်ဒေသ၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့ အပါအဝင် စစ်ဘက်ဆိုင်ရာအဖွဲ့များက Joint Sword-2024A ဟု အမည်ဝှက်ပေးထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မေ ၂၃ ရက်မှ ၂၄ ရက်အထိ ပြုလုပ်လျက်ရှိကြောင်း ၎င်းစစ်ဒေသ ပြောခွင့်ရပုဂ္ဂိုလ် လီရှီးက ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
PLA conducts joint military drills surrounding Taiwan Island
NANJING, May 23 (Xinhua) — The Eastern Theater Command of the Chinese People’s Liberation Army (PLA) started joint military drills surrounding the island of Taiwan from 7:45 a.m. Thursday.
The drills are being conducted in the Taiwan Strait, the north, south and east of Taiwan Island, as well as areas around the islands of Kinmen, Matsu, Wuqiu, and Dongyin.
Li Xi, spokesperson for the theater command, said military services including the army, navy, air force and rocket force of the theater command are being organized to conduct the joint drills, code-named Joint Sword-2024A, from Thursday to Friday.