Connect with us

Asia

နီပေါတောင်တက်လမ်းပြ ကာမီရီတာ ဧဝရက်တောင်ကို အကြိမ် ၃၀ မြောက်တက်ရောက်

နီပေါတောင်တက်လမ်းပြ ကာမီရီတာကို ၂၀၁၉ ခုနှစ် မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ မေ ၂၃ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံသား တောင်တက်လမ်းပြ ကာမီရီတာသည် မေ ၂၂ ရက်တွင် ဧဝရတ်တောင်ထိပ်ကို အကြိမ် ၃၀ မြောက်အဖြစ် တက်ရောက်ခဲ့ပြီး စံချိန်သစ်ထူခဲ့ကြောင်း သိရသည်။

သာမန်တောင်တက်သမားများ အနေဖြင့် ဧဝရက်တောင်ထိပ်သို့ရောက်ရှိရန် ရက်အတန်ကြာအချိန်ယူရသည်ဖြစ်သော်လည်း ကာမီရီတာအနေဖြင့် အချိန်တိုအတွင်းဧဝရက်တောင်ကို အကြိမ်ကြိမ်တက်ရောက်နိုင်ခဲ့ခြင်းမှာ ရှားပါးသည့်ဖြစ်ရပ်မျိုးဖြစ်သည်။
အသက် ၅၄ နှစ်ရှိ ကာမီရီတာသည် အရှေ့တောင်ဘက်တောင်ကြောလမ်းကြောကိုသုံး၍ ယနေ့တွင် ဧဝရက်တောင်ထိပ်သို့ အကြိမ် ၃၀ မြောက်အဖြစ်တက်ရောက်နိုင်ခဲ့ကြောင်း နီပေါအစိုးရခရီးသွား လုပ်ငန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကာမီရီတာသည် မေ ၁၂ ရက်ကလည်း ဧဝရက်တောင်ကို ၂၉ ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ရာ ကာမီရီတာသည် မေ ၂၂ ရက်တွင် ဧဝရက်တောင်ထိပ်သို့ အကြိမ် ၃၀ မြောက်တက်ရောက်ခဲ့ပြီး ၎င်း၏ စံချိန်ကို ပြန်ချိုးနိုင်ခဲ့ကြောင်း နီပေါတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကာမီရီတာပြီးလျှင် ဧဝရက်တောင်ကို ဒုတိယမြောက်အကြိမ်ရေ အများဆုံးတက်ရောက်ထားသူမှာ ပေါဆန်ဒါဝါအမည်ရှိ နီပေါတောင်တက်လမ်းပြတစ်ဦးပင်ဖြစ်ပြီး ၂၇ ကြိမ်ထိ တက်ရောက်ထားကြောင်း သိရသည်။ (Xinhua)

………………………………………….
(English Version)
Nepali guide summits Mt. Qomolangma for record 30th time
KATHMANDU, May 22 (Xinhua) — Renowned Nepali mountaineering guide Kami Rita Sherpa scaled the world’s highest peak, Mount Qomolangma, for a record 30th time on Wednesday morning, breaking his own record set just days ago.
The 54-year-old Sherpa was guiding foreign climbers when he summitted the 8,848.86-meter-high peak at 7:49 a.m. local time for the second time in one climbing season. He had reached the summit previously on May 12.
“Kami Rita Sherpa broke his own record at 7:49 a.m., being at the top of the world for the 30th time,” Khim Lal Gautam, field office chief of Nepal’s Department of Tourism, told Xinhua from the base camp.
“His team is descending toward the base camp,” added Gautam.
Kami first conquered Mount Qomolangma, situated on the border of Nepal and China, in May 1994. He scaled it for the 27th and 28th times within one week in May 2023.
Gautam noted that by Wednesday morning, over 500 climbers, including Sherpa guides, had summitted Mount Qomolangma this season. ■
Nepali mountaineer Kami Rita Sherpa waves towards the media personnel upon his arrival after climbing Mount Qomolangma for a 24th time in Kathmandu, Nepal, May 25, 2019. (Xinhua/Sunil Sharma)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.