Connect with us

China

တရုတ်နိုင်ငံ ဟန်ကျိုးမြို့ မောင်းသူမဲ့ဘတ်စ်ကားလမ်းကြောင်းတွင် အခမဲ့စီးနင်းနိုင်ပြီ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၊ ယွီဟန်ခရိုင်ရှိ လမ်းမတစ်နေရာတွင် ပြေးဆွဲနေသော မောင်းသူမဲ့မီနီဘတ်စ်ကားကို ၂၀၂၄ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၊ ယွီဟန်ခရိုင်ရှိ မောင်းသူမဲ့ဘတ်စ်ကားလမ်းကြောင်းသည် ပထမဆုံး မော်တော်ယာဉ်-လမ်းကြောင်း ပူးပေါင်းနည်းပညာဖြင့် လည်ပတ်နေခြင်းဖြစ်သည်။ အရှည် ၅ ကီလိုမီတာရှိသော အဆိုပါ ဘတ်စ်ကားလမ်းကြောင်းသည် ကျောင်းများ၊ စက်မှုဥယျာဉ်များ၊ လူနေအိမ်ရာများနှင့် မြေအောက်ရထားဘူတာများကို ပြေးဆွဲလျက်ရှိကာ မြို့သူ/မြို့သားများအနေဖြင့် အခမဲ့စီးနင်းနိုင်မည်ဖြစ်သည်။ မော်တော်ယာဉ်-လမ်းကြောင်း ပူးပေါင်းနည်းပညာသည် မော်တော်ယာဉ်များ ဘေးကင်းရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ထားသည်။ အဆိုပါ ‌မောင်းသူမဲ့ဘတ်စ်ကားများတွင် ခရီးသည်များ ဘေးကင်းရေးအတွက် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက မော်တော်ယာဉ်အား ချက်ချင်း ထိန်းသိမ်းနိုင်မည့် လူသားကြီးကြပ်သူတစ်ဦးစီ ထားရှိနေရဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Free ride available on autonomous driving bus route in Hangzhou
The autonomous driving bus route in Yuhang District is the first one of its kind powered by vehicle-road coordination technology in Hangzhou. This 5-kilometer bus line winds through schools, industrial parks, residential compounds and subway stations, free of charge for all citizens. The vehicle-road coordination technology also effectively improves operational safety for the vehicles. That said, each of these buses still has a human supervisor, who would immediately take over the vehicle in case of emergency to further ensure passenger safety.
Photo 1: An autonomous driving minibus runs on a road in Yuhang District, Hangzhou City, east China’s Zhejiang Province, May 22, 2024. (Xinhua/Huang Zongzhi)