Connect with us

Africa & Middle East

မြန်မာနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသော ယူဂန္ဓာနိုင်ငံသား ၂၃ ဦးကို နေရပ်နိုင်ငံသို့ပြန်လည်ခေါ်ဆောင်

ကမ်ပလာ၊ မေ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသော ယူဂန္ဓာနိုင်ငံသား ၂၃ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး နေရပ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း ယူဂန္ဓာအစိုးရက မေ ၂၃ ရက်က ပြောကြားခဲ့သည်။

လစာကောင်းသော အလုပ်အကိုင်များ ရရှိမည်ဟု ကတိစကားများဖြင့် လိမ်လည်လှည့်ဖျားခံရပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ထိန်းသိမ်းခံထားရသော ၎င်းတို့သည် Entebbe အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၃ ရက်က ရောက်ရှိခဲ့ကြောင်း ယူဂန္ဓာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

“နောက်ပိုင်းမှာ သူတို့ကို cryptocurrency လိမ်လည်မှုတွေ လုပ်ဖို့ အတင်းအကျပ်စေခိုင်းခံရပြီး နယ်စပ်တွေမှာ လူမှောင်ခိုကူးတာခံခဲ့ရပါတယ်” ဟု ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Uganda brings back 23 citizens rescued from human traffickers in Myanmar
KAMPALA, May 23 (Xinhua) — The Ugandan government said Thursday that 23 of its citizens, who were rescued from human traffickers in Myanmar, have been brought back home.
The group, who had been held in Tachileik, Myanmar, after being lured with promises of high-paying jobs, arrived at Entebbe International Airport on Thursday, the Ministry of Foreign Affairs said in a statement.
“They were subsequently forced into cryptocurrency scams and smuggled across borders,” the ministry added.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.