Connect with us

Business

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ မေလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၆.၈ ရာခိုင်နှုန်းကျဆင်း

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ကွန်တိန်နာဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော ကွန်တိန်နာတင်သင်္ဘောကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်စည် သွင်းကုန်ပို့ကုန်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမဆုံးတစ်လခွဲကာလအတွင်း အမေရိကန်ဒေါ်လာ ၃.၅၃ ဘီလီယံရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ မေ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်စည် သွင်းကုန်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၇၇ ဘီလီယံရှိခဲ့ပြီး ပို့ကုန်တန်ဖိုးမှာမူ ၁.၇၆ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန အချက်အလက်များ၌ ဖော်ပြထားသည်။
အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ယခင်နှစ် အလားတူကာလကရှိခဲ့သော အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံထက် လျော့ကျခဲ့ကြောင်း ဝန်ကြီးဌာနက ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

……………………………………..
(English Version)
Myanmar’s foreign trade down 6.8 pct in April-May of 2024-25 FY
YANGON, May 24 (Xinhua) — Myanmar’s total goods imports and exports fell by 6.8 percent year-on-year to 3.53 billion U.S. dollars in the first one and half month of the 2024-25 fiscal year, according to the Ministry of Commerce on Friday.
From April 1 to May 17 this year, the country’s total goods imports were valued at 1.77 billion dollars, while the total goods exports totaled 1.76 billion dollars, the ministry’s figures showed.
Myanmar’s total foreign trade value during the period dropped from 3.79 billion dollars registered in the same period a year earlier, the ministry’s figures showed.
Photo: A container ship is moored at a container terminal in Yangon, Myanmar, July 25, 2023. (Photo by Myo Kyaw Soe/Xinhua)