Connect with us

China

ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၉၂ ဦးအား မြန်မာနိုင်ငံက တရုတ်နိုင်ငံထံ လွှဲပြောင်း

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသား ၉၂ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က မေ ၆ ရက်၌ ပြောကြားခဲ့သည်။

ယမန်နှစ်မှစ၍ MPS အနေဖြင့် ဆက်သွယ်ရေး အွန်လိုင်းလိမ်မှုများ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ခဲ့ရာ စုစုပေါင်း သံသယရှိသူ တရုတ်နိုင်ငံ ၄၉,၀၀၀ ဦးအား တရုတ်ဘက်ခြမ်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း MPS ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ သံသယရှိသူ ၉၂ ဦးအား ဆက်စပ်သက်သေခံပစ္စည်းများနှင့်အတူ တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်သည်။
MPS အနေဖြင့် နိုင်ငံတကာနှင့် နယ်စပ် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ပိုမိုကြိုးပမ်းဆောင်ရွက်ကာ ထိုသို့ ပြစ်မှုများအပါအဝင် မှုခင်းများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်မည်ဟု ကတိပြုထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
92 telecom, online fraud suspects handed over to China by Myanmar
BEIJING, May 6 (Xinhua) — China’s Ministry of Public Security (MPS) on Monday said 92 Chinese nationals suspected of telecom and online fraud have been transferred from Myanmar to China.
Since last year, the MPS has deepened law enforcement cooperation with Myanmar police to combat telecom and online fraud crimes, with a total of 49,000 Chinese suspects handed over to the Chinese side, according to the MPS.
Currently, this batch of 92 suspects along with the relevant evidence and items have been repatriated back to China.
The MPS has pledged more efforts to enhance international and border law enforcement cooperation to intensify the fight against such crimes.