Connect with us

Europe

တူရကီနိုင်ငံ၌ ယာဉ်မတော်တဆမှု ဖြစ်ပွားသဖြင့် လူရှစ်ဦးသေဆုံး

တူရကီနိုင်ငံ တောင်ပိုင်း ဂါဇီအန်တက်ပြည်နယ်၊ အစလာဟီယဲခရိုင်တွင် မီနီဘတ်စ်ကားနှင့် ကွန်ကရဏ်မွှေစက်ယာဉ် တိုက်မိသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ မေ ၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း ဂါဇီအန်တက်ပြည်နယ် အစလာဟီယဲခရိုင်၌ မေ ၆ ရက်တွင် မီနီဘတ်စ်ကားတစ်စီးနှင့် ကွန်ကရစ်မွှေစက် ယာဉ်တစ်စီးတို့ တိုက်မိမှုဖြစ်ပွားရာ လူရှစ်ဦးထက်မနည်းသေဆုံးပြီး အခြား ၁၁ ဦးမှာ ဒဏ်ရာရရှိကြောင်း သိရသည်။
အစလာဟီယဲ-ဟာတေး အဝေးပြေးလမ်းမပေါ်ရှိအာဂေဘီဒေသ ၌ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ မီနီဘတ်စ်ကားမှာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး လျှိုမြောင်အတွင်းသို့ ထိုးကျသွားကြောင်း အန်နာဒိုလူ အေဂျင်စီက ထုတ်ပြန်ထားသည်။ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………
(English Version)
Road accident kills 8 in Türkiye
ANKARA, May 6 (Xinhua) — At least 8 people were killed and 11 others injured on Monday in a collision between a minibus and a concrete mixer in the Islahiye district of Gaziantep province in southern Türkiye.
The incident took place at the Agabey region on the Islahiye-Hatay highway, as reported by the semi-official Anadolu Agency. The minibus was severely damaged and reportedly overturned into a ravine.
Health, fire, and police teams have been deployed to the scene, according to the report.

Rescuers work at the site where a minibus and a concrete mixer collided in the Islahiye district, Gaziantep province, southern Türkiye, on May 6, 2024. (Mustafa Kaya/Handout via Xinhua)