Connect with us

China

တရုတ်နိုင်ငံ၌ လျှပ်စစ်စက်ဘီး သန်း ၃၅၀ ကျော်ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် Flying Pigeon စက်ရုံ၌ လျှပ်စစ်စက်ဘီး နေရာချနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ လျှပ်စစ်စက်ဘီးအရေအတွက် သန်း ၃၅၀ ကျော်ရှိကြောင်းသိရသည်။

၎င်းတို့အနက် လျှပ်စစ်စက်ဘီး စုစုပေါင်း ၄၂ ဒသမ ၂၈ သန်းမှာ ပြီးခဲ့သည့်နှစ်က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လျှပ်စစ်စက်ဘီး အသစ် ၂၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံ၏ အဓိကကုန်အမှတ်တံဆိပ်များမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လစ်သီယမ်ဘက်ထရီသုံး မော်ဒယ်များ ဖြစ်ကြောင်း သိရသည်။ ဘေးကင်းပြီး ထိရောက်မှုရှိသော လစ်သီယမ် ဘက်ထရီနည်းပညာသည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ စက်ဘီးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အစိတ် အပိုင်း တစ်ခုအဖြစ် ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
China has over 350 mln electric bicycles

BEIJING, May 6 (Xinhua) — The number of electric bicycles has exceeded 350 million in China, where a total of 42.28 million electric bicycles were manufactured last year.
According to the Ministry of Industry and Information Technology, over 20 percent of new electric bicycles produced by the country’s major brands are lithium battery-powered models.
Safe and high-efficiency lithium battery technology has been identified as a key area for the improvement of the country’s bicycle industry in recent years. ■

A worker arranges electric bicycles at a factory of Flying Pigeon in Tianjin, north China, Dec. 13, 2023. (Xinhua/Zhao Zishuo)