Connect with us

Asia

မူးယစ်ဆေးဝါးပြဿနာများကို တားဆီးတိုက်ဖျက်ရန် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ အတူလက်တွဲ ဆောင်ရွက်လျက်ရှိ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် တရားမဝင်မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်အခမ်းအနား၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲအရာရှိတစ်ဦးကို ၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မဟာမဲခေါင်ဒေသခွဲနိုင်ငံများသည် တရားမဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ ကိုယ်စားလှယ်များသည် လာအိုနိုင်ငံ မြောက်ပိုင်း Bokeo ပြည်နယ်တွင် မဟာမဲခေါင်ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိများ အစည်းအဝေး၌ ဇွန် ၂၅ ရက်က တွေ့ဆုံခဲ့ကြသည်။
အဆိုပါ အစည်းအဝေး၌ တရားမဝင် မူးယစ်ဆေးဝါးများအခြေအနေနှင့် မဲခေါင်မြစ်တစ်လျှောက်ရှိ ခြောက်နိုင်ငံအတွင်း မူးယစ်ဆေးဝါးပြဿနာများ ဖြေရှင်းရေး စိန်ခေါ်မှုများဆိုင်ရာ အချက်အလက်ဖလှယ်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း Lao People’s Army Radio သတင်းအရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Greater Mekong Sub-region countries join hands to curb drug problems
VIENTIANE, June 25 (Xinhua) — The Greater Mekong Sub-region countries have joined hands in fighting illicit drugs.
Representatives from Laos, Cambodia, China, Myanmar, Thailand and Vietnam, met in northern Laos’ Bokeo province on Tuesday for the meeting of Senior Police Officers on Counter Narcotics Cooperation in the Greater Mekong Sub-region.
The meeting aimed to exchange information on the state of illicit drugs and the challenges of solving the drug problem in the six countries along the Mekong River, according to a report of the Lao People’s Army Radio on Tuesday.
Photo: A military police officer stands guard during a ceremony destroying illicit drugs in Phnom Penh, Cambodia, on June 26, 2022. (Photo by Sovannara/Xinhua)