Connect with us

Sino-Myanmar

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၄ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ပညာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန် ၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် လှူဒါန်းပွဲမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပညာရေးဆိုင်ရာအထောက်အကူပြု ပစ္စည်းများကို ယနေ့ (ဇွန် ၆ ရက်)က လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန် ၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် လှူဒါန်းပွဲမြင်ကွင်း (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန် ၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် လှူဒါန်းပွဲမြင်ကွင်း (ဆင်ဟွာ)

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လွယ်အိတ်၊ ကွန်ပါဘူး၊ လေ့ကျင့်ခန်းစာအုပ်၊ ပုံဆွဲစာအုပ်၊ ချွန်စက်၊ ပေတံ၊ ခဲဖျက်၊ ခဲတံ၊ ရောင်စုံဘောလ်ပင် စသည်တို့အပါအဝင် ပညာရေးအထောက်အကူပြုပစ္စည်းများကို လှိုင်သာယာမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယနေ့ လှူဒါန်းခြင်း၏ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၄ နှစ်မြောက် အထိမ်းအမှတ်ဖြစ်၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း၏ မူလရည်မှန်းချက်ကို ပြန်လည်အောက်မေ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်ကို လက်ဆင့်ကမ်းကာ ကျောင်းသား/ကျောင်းသူများ ပညာသင်ယူပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်အတွက် အကူအညီပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Chen Hai က လှူဒါန်းခြင်းအခမ်းအနား၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အတူတကွအဆိုပြုခဲ့ပြီး လက်တွေ့ဖော်ဆောင်ခဲ့ကာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး ခရီးစဉ်သစ်မှာ တက်ကြွမှုခွန်အားသစ်တွေ ပေါ်ထွက်လာနေကြောင်း၊ မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုရန် အမြဲကြိုးစားလျက်ရှိကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံလူငယ်များအချင်းချင်း နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန် အခွင့်အလမ်းများနှင့် ပလက်ဖောင်းများ ဖန်တီးပေးသွားလိုကြောင်း သံအမတ်ကြီးက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာကို ကြိုးစားလေ့လာသင်ယူပြီး မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုထမ်းရွက်သူများဖြစ်လာရန် မျှော်လင့်ကြောင်း သံအမတ်ကြီး Chen Hai က ဆိုသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အလွန်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း လှူဒါန်းပွဲအခမ်းအနားမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးသည် လှိုင်သာယာမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအဆောက်အအုံကို ကူညီတည်ဆောက်ပေးသည်သာမက တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းရှိ ကျောင်းအုပ်ဆရာ/ဆရာမကြီးများအဖွဲ့ကို တရုတ်နိုင်ငံသို့ သွားရောက်လေ့လာရန်လည်း စီစဉ်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ၊ ယဉ်ကျေးမှုနှင့် အားကစားပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ အကူအညီများသည် စာသင်ကျောင်း တိုးတက်ကောင်းမွန်ရေးနှင့် ကျောင်းသား/ကျောင်းသူများ တိုးတက်မှုအတွက် အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်ကြောင်း ဦးစိုးသိန်းက ပြောခဲ့သည်။

တရုတ်နိုင်ငံမှ လှူဒါန်းမှုအတွက် စာသင်ကျောင်းမှ ကိုယ်စားပြုကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ရာ ယခုလှူဒါန်းသော ပစ္စည်းများက ပညာသင်ယူလေ့လာရာတွင် အထောက်အကူဖြစ်စေပြီး စာကိုပိုမိုကြိုးစားသင်ယူကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။  (Xinhua)
…………………………
(English Version)
Educational materials donated to commemorate 74th anniversary of China-Myanmar diplomatic relations
YANGON, June 6 (Xinhua) — The Chinese Embassy in Myanmar and the China Foundation for Rural Development (CFRD) jointly donated educational materials and foods to a high school in Myanmar’s Yangon on Thursday to commemorate 74th anniversary of China-Myanmar diplomatic relations.
The educational materials donated to the No. 14 Basic Education High School in Hlaingtharya Township included backpacks, exercise books, drawing books and pencils among others.
Speaking at the event, Chinese Ambassador to Myanmar Chen Hai said that the donation to the school is aimed at reviewing the original intention of establishing diplomatic relations, inheriting the fraternal friendship and supporting the development of the school.
China and Myanmar jointly advocate and practice the Five Principles of Peaceful Coexistence and are committed to building a community with a shared future. China’s friendly cooperation with Myanmar has always been committed to benefiting the people of the two countries, he said.
China is willing to work with Myanmar to create more opportunities and platforms for the young people of the two countries to deepen understanding and friendship, he added.
Chen Hai also expressed hope that students will study hard, become the pillars of Myanmar’s nation building and become participants and contributors to the inheritance of the fraternal friendship between China and Myanmar.
Yangon Region Chief Minister U Soe Thein thanked China for its support for Myanmar’s education in his speech, saying that Myanmar and China have a deep brotherly relationship.
The Chinese Embassy in Myanmar not only assisted in the construction of the school building of the No. 14 Basic Education High School in Hlaingtharya Township, but also organized teachers to visit China and donated COVID-19 prevention materials and cultural and sports supplies to the school. These assistances play an important role in school development and student growth, he said.
A student representative from the school also thanked China for the donation, saying that the donated items would help them study and live better, and they would work hard to study and pass on the friendship between Myanmar and China.