Connect with us

China

အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို လက်နက်ရောင်းချမှုအပေါ် တရုတ်နိုင်ငံ အပြင်းအထန်ကန့်ကွက်

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသအား လက်နက်ရောင်းချမည့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းရန်နှင့် ထိုင်ဝမ်အား မည်သည့်ပုံစံနှင့်မဆို လက်နက်တပ်ဆင်မှုများကို ရပ်စဲရန် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၇ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။

ထိုင်ဝမ်အား အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် တန်ဖိုးရှိသော လက်နက်ရောင်းချမည့်အစီအစဉ်ကို မကြာသေးမီက အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့သည့်အပေါ် သတင်းထောက်များက မေးမြန်းခဲ့ရာ တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhang Xiaogang က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်အား အမေရိကန်က လက်နက်ရောင်းချခြင်းသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ် အထူးသဖြင့် ဩဂုတ် ၁၇ ရက် သဘောတူညီချက်ကို ဆိုးဝါးစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း Zhang က ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Ua6

……………………………………..
(English Version)
China firmly opposes U.S. arms sales to Taiwan: defense spokesperson
BEIJING, June 7 (Xinhua) — A Chinese defense spokesperson on Friday urged the United States to revoke its plan to sell arms to China’s Taiwan region, and to cease arming the region with weapons in any form.
Zhang Xiaogang, spokesperson for the Ministry of National Defense, made the remarks in response to a media query on the U.S. Department of Defense’s recent approval of arms sales worth approximately 300 million U.S. dollars to Taiwan. The U.S. arms sales to China’s Taiwan region have severely violated the one-China principle and the three China-U.S. joint communiques, particularly the August 17 Communique, Zhang said.