Connect with us

China

တရုတ်နိုင်ငံက ပြည်ပခရီးသွားဧည့်သည်များကို ပိုမိုဝင်ရောက်လာရန် ကြိုဆို

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကောင်းကင်ဘုံဘုရားကျောင်းသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာရန် ကြိုဆိုကြောင်းနှင့် “တရုတ်နိုင်ငံ ခရီးသွား” ထူးခြားသော အတွေ့အကြုံကို ခရီးသွားများကိုယ်တိုင် ရှာဖွေလမ်းဖွင့်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၇ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ပြည်ပခရီးသွားဧည့်သည်အရေအတွက် မြင့်တက်လာခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် နိုင်ငံတကာခရီးသွားဈေးကွက်တွင် တရုတ်သို့ခရီးစဉ်ကို စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံသို့ လေကြောင်းခရီးစဉ်အရေအတွက်၊ ဟိုတယ်ရှာဖွေမှုနှင့် ကြိုတင်မှာယူမှုများကလည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်လာခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံကို ပြည်ပမိတ်ဆွေတွေ ပိုမိုပြီးလာရောက်လည်ပတ်ကြတာကို တွေ့မြင်ရတာ ဝမ်းသာစရာပါပဲ” ဟု လျင်က ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China welcomes more foreign tourists: spokesperson
BEIJING, July 17 (Xinhua) — China welcomes more foreign friends and hopes they will unlock their own unique “China Travel” experience, a foreign ministry spokesperson said on Wednesday.
Spokesperson Lin Jian made the remarks at a press conference when responding to a query about the rising number of foreign tourists visiting China.
Recently, there has been growing interest in China in the international tourism market, and the number of flights to China and hotel searching and booking volume have seen a significant increase compared with last year.
“We are glad to see more and more foreign friends visit and explore China,” said Lin.
Photo: Tourists visit the Temple of Heaven in Beijing, capital of China, May 2, 2024. (Xinhua/Ju Huanzong)