Connect with us

China

တရုတ်နိုင်ငံ၏ ကုန်းရေနှစ်သွယ် AG600 လေယာဉ် အသိအမှတ်ပြုရေးစမ်းသပ်ပျံသန်းမှု စတင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့တွင် ပြုလုပ်သော တရုတ် နိုင်ငံတကာလေကြောင်းနှင့် အာကာသနည်းပညာပြပွဲ၌ ရေပက်ဖျန်းမှုသရုပ်ပြနေသော “Kunlong” အမည်ဝှက်ပေးထားသည့် ကုန်းရေနှစ်သွယ် AG600M မီးသတ်လေယာဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီးဖြစ်သော AG600 သည် အသိအမှတ်ပြု‌ရေးစမ်းသပ်ပျံသန်းမှု အဆင့်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ဇူလိုင် ၂၃ ရက်၌ ကြေညာခဲ့သည်။
တရုတ်နိုင်ငံ လေကြောင်းစီမံခန့်ခွဲမှု လေကြောင်းပျံသန်းမှုအသိအမှတ်ပြုစင်တာက Type Inspection Authorization (TIA) ကို AG600 ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီး၏ ပထမမော်ဒယ်အား ထုတ်ပေးခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်သူ AVIC က ပြောခဲ့သည်။
အဆိုပါ ဆောင်ရွက်ချက်သည် ယင်းလေယာဉ်၏ အစိတ်အပိုင်းအခြေအနေမှာ TIA လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည်ဟူသော အဓိပ္ပါယ်လည်းဖြစ်သည်။ ယင်းမှာ လေယာဉ်ပျံသန်းမှု အသိအမှတ်ပြုမှု ပြည့်စုံရန် ခိုင်မာသောအခြေခံလည်း ဖြစ်ကြောင်း AVIC က ဆိုသည်။
AG600 လေယာဉ်စီးရီးသည် ပင်လယ်ပြင်ပတ်ဝန်းကျင် စောင့်ကြည့်ခြင်း၊ အရင်းအမြစ်ရှာဖွေခြင်း၊ ခရီးသည်နှင့် ကုန်တင်ပို့ဆောင်ရေးကဲ့သို့ နယ်ပယ်များတွင် အသုံးပြုသူများ၏ အမျိုးမျိုးသောနည်းပညာများနှင့်လည်း ကိုက်ညီမှုရှိခဲ့ကြောင်း သိရသည်။
AG600 နည်းပညာသရုပ်ပြလေယာဉ်သည် ပွဲဦးထွက်ပျံသန်းမှုကို ၂၀၁၇ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ ရေကာတာမှ ပထမဆုံးပျံတက်ခဲ့သလို ပင်လယ်ပေါ် ပွဲဦးထွက်ပျံသန်းမှုကိုလည်း ၂၀၂၀ ပြည့်နှစ်၌ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
China’s AG600 amphibious aircraft begins certification flight tests
BEIJING, July 23 (Xinhua) — China’s AG600 large amphibious aircraft has entered the phase of certification flight tests, the Aviation Industry Corporation of China (AVIC) announced on Tuesday.
On Tuesday, the Airworthiness Certification Center of the Aviation Administration of China issued the Type Inspection Authorization (TIA) to the first model of the AG600 large amphibious aircraft family, said the AVIC, China’s leading aircraft manufacturer.
The move means that the configuration condition of this aircraft, its expected airworthiness and expected safety performance have met the TIA requirements. It also lays a solid foundation for the AG600 aircraft to complete the airworthiness certification, said the AVIC.
AG600 series aircraft can be fitted with equipment and facilities to meet the diverse needs of users in fields such as marine environment monitoring, resource detection, and passenger and cargo transportation.
The AG600 tech-demonstrator successfully completed its maiden flight in 2017, the first take-off from a reservoir in 2018, and the maiden flight over the sea in 2020.
Photo 1: AG600M, an amphibious firefighting aircraft codenamed “Kunlong,” conducts a water-dropping demonstration at the 14th China International Aviation and Aerospace Exhibition in Zhuhai, south China’s Guangdong Province, Nov. 11, 2022. (Xinhua/Hong Zehua)