Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်တွင် ‌ဂေမီတိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသဖြင့် ဒေသခံ ၁၅၀,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်း

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ လျန်ကျန်းခရိုင်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဂေမီ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာခြင်းကို ရှောင်ရှားရန် ငါးဖမ်းသင်္ဘောများ ဘေးလွတ်ရာ၌ နေရာယူထားသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် ယခုနှစ်၏ တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသဖြင့် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီအထိ ဒေသခံ ၁၅၆,၈၀၀ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။
ထို့ပြင် ယင်းပြည်နယ်၏ ကမ်းရိုးတန်းတစ်လျှောက်ရှိ ခရီးသည်တင်ရေယာဉ်လမ်းကြောင်း ၇၃ ခုကို ဆိုင်းငံ့ထားသလို လေကြောင်းခရီးစဉ် ၉၇ ခုကိုလည်း ပယ်ဖျက်ထားကြောင်း သိရသည်။
ကမ်း‌ရိုးတန်းတစ်လျှောက်ရှိ ငါးဖမ်းဖောင်များတွင် အလုပ်လုပ်ကိုင်နေသူဦးရေ ၂၉,၀၀၀ ကျော်ကို ဘေးလွတ်ရာ ကမ်းစပ်သို့ရွှေ့ပြောင်းခဲ့ပြီး ငါးဖမ်းလှေများကိုလည်း ဆိပ်ကမ်းများတွင် အကာအကွယ်ယူထားရှိကြောင်း ယင်းလှေများပေါ်ရှိသူများကိုလည်း ကမ်းခြေ၌ နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြည်နယ်ဆိုင်ရာ ရေဘေးထိန်းချုပ်ရေးရုံးက ပြောခဲ့သည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ထိုင်ဝမ်ဒေသ ရီးလန်ခရိုင်တွင် ဇူလိုင် ၂၄ ရက် ညသန်းခေါင်ယံခန့်အချိန်က တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် ထိုမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ အမြန်နှုန်း တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် ဆက်လက်ရွေ့လျားမည်ဟု ခန်းမှန်းထားသည်။ (Xinhua)
……………………………………..
(English Version)
Over 150,000 relocated in east China province as Typhoon Gaemi nears
FUZHOU, July 25 (Xinhua) — East China’s Fujian Province had relocated 156,800 residents as of 7 a.m. Thursday as Typhoon Gaemi, the third typhoon of this year, approaches, said local authorities.
Meanwhile, 73 passenger ferry routes along the province’s coast were suspended and 97 flights canceled.
Over 29,000 people working on fishing rafts along its coast have been evacuated to the shore, and 733 fishing boats have taken shelter at ports and some 3,200 people aboard have been evacuated ashore, according to the provincial flood control office.
The typhoon made landfall in eastern Taiwan’s Yilan County around midnight Thursday, leaving two dead and 201 injured. Currently, it is forecast to move northwest at an estimated speed of up to 15 km per hour.
Photo: An aerial drone photo taken on July 24, 2024 shows fishing boats taking shelter from the approaching Typhoon Gaemi at a harbor of Lianjiang County in Fuzhou, east China’s Fujian Province. (Xinhua/Wei Peiquan)