Connect with us

China

ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများ ဒုတိယအကြိမ် အာကာယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှုပြီးစီး

ရှန်ကျိုး-၁၈ အာကာသယာဉ်မှူး လီချုံးက အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်ရန် ထွက်ခွာနေသည်ကို ပေကျင်းအာကာသထိန်းချုပ်စင်တာမှ ဖန်သားပြင်ဓာတ်ပုံရိုက်ကူးထားသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော တရုတ်နိုင်ငံ၏အာကာသစခန်းပေါ်ရှိ ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများသည် ဇူလိုင် ၃ ရက် ပေကျင်းစံတော်ချိန် ည ၁၀:၅၁ နာရီက ဒုတိယအကြိမ် အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှု ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီထံမှ သိရသည်။
အာကာသယာဉ်မှူး ရဲ့ကွမ်းဖူ၊ လီချုံးနှင့် လီကွမ်ဆူးတို့သည် အာကာသယာဉ်ပြင်ပလုပ်ငန်းတာဝန် အမြောက်အမြား ပြီးစီးရန် အချိန်ခြောက်နာရီခွဲခန့် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့အနက် လီကွမ်ဆူးက အာကာသစခန်းအတွင်း၌နေကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာကာသစခန်းရှိ စက်ရုပ်လက်တံနှင့် ကမ္ဘာမြေပေါ်ရှိ သုတေသီများ၏ အကူအညီဖြင့် အာကာသယာဉ်မှူးများသည် ထျန်းကုန်းအာကာသစခန်း အပြင်ဘက်ရှိ ပိုက်လိုင်းများ၊ ကေဘယ်ကြိုးများနှင့် အဓိကစက်ကိရိယာများကို အာကာသအတွင်းရှိအပျက်အစီးများမှ ကာကွယ်ရေးကိရိယာများ တပ်ဆင်ခြင်းနှင့် အာကာသယာဉ်ပြင်ပ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

……………………………………..
(English Version)
Shenzhou-18 taikonauts complete second spacewalk
BEIJING, July 3 (Xinhua) — The Shenzhou-18 taikonauts on board China’s orbiting space station completed their second spacewalk at 10:51 p.m. (Beijing Time) on Wednesday, according to the China Manned Space Agency.
Ye Guangfu, Li Cong and Li Guangsu worked for about 6.5 hours to complete multiple tasks, with Li Guangsu remaining inside the space station.
With the assistance of the space station’s robotic arm and researchers on Earth, they installed space debris protection devices for the pipelines, cables and key equipment outside the Tiangong space station, and conducted an extravehicular inspection.
Photo 1, 2: This screen image captured at Beijing Aerospace Control Center on July 3, 2024 shows Shenzhou-18 astronaut Li Cong going out for extravehicular activities. (Xinhua/Guo Zhongzheng)
Photo 3: This screen image captured at Beijing Aerospace Control Center on July 3, 2024 shows Shenzhou-18 astronauts Li Cong (above) and Ye Guangfu performing extravehicular activities. (Xinhua/Guo Zhongzheng)