Connect with us

China

တရုတ်-တောင်အာဖရိက ဆက်ဆံရေးအဆင့်မြှင့်တင်ကြောင်း သမ္မတ ရှီနှင့် ရာမာဖိုဆာ ကြေညာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တောင်အာဖရိကနိုင်ငံ သမ္မတ စီရယ်လ် ရာမာဖိုဆာတို့ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနား၌ သက်သေအဖြစ်ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တောင်အာဖရိကနိုင်ငံ သမ္မတ စီရယ်လ် ရာမာဖိုဆာတို့သည် ခေတ်သစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို အလုံးစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးဆီသို့ အဆင့်မြှင့်တင်ကြောင်း စက်တင်ဘာ ၂ ရက်၌ ကြေညာခဲ့ကြသည်။
ရှီသည် ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ထိပ်သီးအစည်းအဝေးနှင့် အလည်အပတ်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ ရောက်ရှိလာသော တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံပြည်သူများ၏ ဘုံမျှော်မှန်းချက်များနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးတိုးတက်မှု၏ သမိုင်းပေးလုပ်ငန်းစဉ်များအရ တရုတ်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့သည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
တရုတ်နိုင်ငံ သမ္မတရှီက နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြင့် မဟာဗျူဟာမြောက်အပြန်အလှန်ယုံကြည်မှုဆီသို့ ဦးတည်စေရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြှင့်တင်ရေးကို ပူးတွဲကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တုနှင့် စွမ်းအင်သစ် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၌ ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများအတွက် ပိုမိုကျယ်ဝန်းသောတံခါးကို ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်သစ် ဖန်တီးရေးနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့်မားစွာ မြှင့်တင်ရေးအတွက် တောင်အာဖရိကနိုင်ငံအပြင် အခြားအာဖရိကနိုင်ငံများနှင့်အတူ ဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း သမ္မတ ရှီက ပြောကြားခဲ့သည်။
ထို့နောက် တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာက တောင်အာဖရိကအနေဖြင့် တရုတ်နိုင်ငံ၏ ယုံကြည်ထိုက်၍ အားထားရသောမိတ်ဆွေအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောခဲ့သည်။
FOCAC မူဘောင်အောက် ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိကနိုင်ငံများ အထူးသဖြင့် တောင်အာဖရိကနိုင်ငံအတွက် ကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Xi, Ramaphosa announce elevation of China-South Africa ties
BEIJING, Sept. 2 (Xinhua) — Chinese President Xi Jinping and South African President Cyril Ramaphosa on Monday announced the elevation of bilateral ties to an all-round strategic cooperative partnership in the new era.
Xi held talks with Ramaphosa, who is in Beijing for the 2024 Summit of the Forum on China-Africa Cooperation (FOCAC) and a state visit.
Xi said strengthening solidarity and cooperation between China and South Africa is in line with the two peoples’ common expectations and the historical process of the Global South’s growth.
The Chinese president called on the two countries to lead the bilateral relationship forward with high-level strategic mutual trust and stressed joint efforts to promote high-quality Belt and Road cooperation, enhance cooperation in the digital economy, artificial intelligence and new energy, and strengthen exchanges and cooperation in human resource development.
Xi said China will open its door wider to African countries, adding that the country stands ready to work with South Africa and other African countries to create new momentum for cooperation and promote high-quality development of China-Africa cooperation.
Ramaphosa said South Africa will remain a trustworthy and reliable friend of China.
Ramaphosa noted that cooperation under the FOCAC framework has delivered massive benefits to African countries, including South Africa.
Photo 1: Chinese President Xi Jinping and South African President Cyril Ramaphosa witness the signing of a raft of bilateral cooperation documents after their meeting at the Great Hall of the People in Beijing, capital of China, Sept. 2, 2024. (Xinhua/Yao Dawei)