China
တရုတ်နိုင်ငံ တောင်ပိုင်း မြို့ပြစိမ့်မြေအရပ်တွင် အင်းဆက်မျိုးစိတ်သစ် တွေ့ရှိ

ကွေ့ကျိုး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ စိမ့်မြေအရပ်တွင် Eidoreus haizhuensis အင်းဆက်မျိုးစိတ်သစ်ကို တရုတ်သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြောင်း ကွမ်တုန်း သိပ္ပံအကယ်ဒမီက ဖေဖော်ဝါရီ ၁၆ ရက်၌ ဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ်ကစတင်၍ ဟိုင်ကျူးစိမ့်မြေအရပ်တွင် သုတေသနအဖွဲ့၏ အင်းဆက်များအား ဘက်စုံ၊ စနစ်တကျ စောင့်ကြည့်ရေးနှင့် စစ်ဆေးမှုလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် နမူနာများ မျိုးတူစုရေးနှင့် အမျိုးအမည်ခွဲခြမ်းစိတ်ဖြာရေးလုပ်ငန်း ဆောင်ရွက်နေစဉ် အဆိုပါ အင်းဆက်မျိုးစိတ်သစ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကွမ်တုန်း သိပ္ပံအကယ်ဒမီ သတ္တဗေဒအင်စတီကျုမှ တွဲဖက်သုတေသီ Yu Yali က ပြောကြားခဲ့သည်။
အဆိုပါ အဖွဲ့၏ တွေ့ရှိမှုများကို Zootaxa နိုင်ငံတကာပညာရပ်ဆိုင်ရာဂျာနယ်တွင် ထည့်သွင်းဖော်ပြထားကြောင်း၊ Coleoptera စာရင်းဝင် ထိုမျိုးစိတ်သည် အလျား ၁.၂ မှ ၁.၃ မီလီမီတာ အရွယ်အစားရှိကြောင်း၊ ထိုအင်းဆက်၏ နီညိုရောင်ကိုယ်လုံးမှာ ဘဲဥပုံစံရှိကာ အရှေ့ဘက်ရော၊ အနောက်ဘက်ပါ လုံးဝန်း၍ ခုံးနေပြီး ခြေထောက်များနှင့် ဦးမှင်များမှာမူ အရောင်အနည်းငယ်ဖျော့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1dH
………………………
(English Version)
New insect species found in south China urban wetland
GUANGZHOU, Feb. 16 (Xinhua) — Chinese researchers have discovered a new insect species, Eidoreus haizhuensis, in a wetland in Guangzhou, the capital city of south China’s Guangdong Province, the Guangdong Academy of Sciences said on Sunday.
According to Yu Yali, an associate researcher at the Guangdong Academy of Sciences’ Institute of Zoology, the new species was found during specimen classification and identification work being carried out as part of a research team’s comprehensive and systematic insect monitoring and investigation project in the Haizhu Wetland, which began in 2020.
The team’s findings have been published in the international academic journal Zootaxa, revealing that the species, belonging to the order Coleoptera, measures 1.2 to 1.3 millimeters in length. Its reddish-brown body is oval and convex both dorsally and ventrally, and its legs and antennae are lighter in color. xhtxs.cn/1dH
Photo: This sample graph shows the newly found insect species Eidoreus haizhuensis. (Xinhua)