Connect with us

Environment, Disasters & Accidents

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင် တရုတ်ကယ်ဆယ်ရေးသမားများက အချိန် ၇ နာရီအတွင်း အသက်ရှင်ကျန်ရစ်သူ ၄ ဦးကို ကယ်တင်နိုင်

မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် RAMUNION RESCUE အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက အသက်ရှင်ကျန်ရန်သူတစ်ဦးကို ပူးတွဲသယ်ဆောင်လာသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မန္တလေး၊ မြန်မာ၊ မတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်ကယ်ဆယ်ရေးသမားများသည် မတ် ၃၁ ရက် ဒေသစံတော်ချိန် နံနက် ၇:၂၀ နာရီခန့်၌ မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa လူနေဧရိယာတွင် နောက်ထပ် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
တရုတ်ကယ်ဆယ်ရေးသမားများသည် ငလျင်ဒဏ်သင့်မြန်မာနိုင်ငံ၌ အချိန် ၇ နာရီအတွင်း အသက်ရှင်ကျန်ရစ်သူ ၄ ဦးကို ကယ်တင်ထားပြီးဖြစ်သည်။
အစောပိုင်းက တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် RAMUNION RESCUE အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တို့သည် Sky Villa ငလျင်ဒဏ်သင့်နေရာမှ မိန်းကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင်သည်တစ်ဦးကို ဒေသစံတော်ချိန် မတ် ၃၁ ရက် နံနက် ၅:၃၇ နာရီနှင့် ၆:၂၀ နာရီ၌ အသီးသီး ကယ်ထုတ်နိုင်ခဲ့ကြသည်။
ထို့ပြင် တရုတ်ကယ်ဆယ်ရေးသမားများသည် မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Great Wall ဟိုတယ် ကယ်ဆယ်ရေးနေရာမှလည်း အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတစ်ဦးကို မတ် ၃၁ ရက် ဒေသစံတော်ချိန် နံနက် ၀၀:၄၀ နာရီက အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် မတ် ၃၀ ရက်မှစ၍ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်နေရာများ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ကလည်း မတ် ၃၀ ရက်က နောက်ထပ် ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသော နေပြည်တော်ရှိ ဆေးရုံတစ်ရုံ၏ အပျက်အစီးများအောက်၌ အချိန် နာရီ ၄၀ နီးပါး ပိတ်မိနေခဲ့သော သက်ကြီးရွယ်အို အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှ Blue Sky ကယ်ဆယ်ရေးအဖွဲ့ဝင်များက ယင်းနေ့၌ပင် မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ခန်းမဆောင်တွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် RAMUNION RESCUE အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက အသက်ရှင်ကျန်ရန်သူတစ်ဦးကို ပူးတွဲသယ်ဆောင်လာသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် RAMUNION RESCUE အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက အသက်ရှင်ကျန်ရန်သူတစ်ဦးကို ပူးတွဲသယ်ဆောင်လာသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်နေရာတွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးသမားများက သယ်ဆောင်လာသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(English Version)
Chinese rescuers save 4 lives in 7 hours in quake-stricken Myanmar
MANDALAY, Myanmar, March 31 (Xinhua) — Chinese rescuers successfully pulled out another survivor at the Sky Villa residential area in Mandalay, Myanmar, at about 7:20 local time on Monday.
Chinese rescuers have rescued four survivors within seven hours in earthquake-hit Myanmar.
Earlier, the China Search and Rescue Team and a civilian rescue team of RAMUNION RESCUE pulled out a girl and a pregnant survivor at the Sky Villa quake scene at 05:37 and 06:20 local time, respectively, on Monday.
In addition, Chinese rescuers successfully rescued a female survivor at the Great Wall Hotel rescue site in Mandalay, Myanmar, at 00:40 local time on Monday.
Since Sunday, Chinese rescue teams have been conducting search and rescue efforts in the earthquake-hit areas of Myanmar.
A team from China’s Yunnan province rescued an elderly man who had been trapped for nearly 40 hours under the rubble of a hospital in Nay Pyi Taw, another severely affected city, on Sunday. Members of the Blue Sky Rescue Team from China’s Hunan Province rescued a survivor at the Mandalay Buddhist Hall in Mandalay city on the same day.
Photo 1, 2, 3: Members from the China Search and Rescue Team and the civilian rescue team of RAMUNION RESCUE jointly transfer a survivor at a quake site in Mandalay city, Myanmar, March 31, 2025. (Photo by Myo Kyaw Soe/Xinhua)
Photo 4, 5, 6: Chinese rescuers transfer a survivor at a quake site in Mandalay city, Myanmar, March 31, 2025. (Xinhua/Zhang Dongqiang)