Environment, Disasters & Accidents
တရုတ်နိုင်ငံ၏ ပထမဆုံးအသုတ် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမဆုံးအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းများသည် ပေကျင်း မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မတ် ၃၁ ရက်တွင် ထွက်ခွာလာခဲ့ပြီး ယင်းနေ့မှာပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃.၉ သန်း) တန်ဖိုးရှိသော ငလျင်ကယ်ဆယ်ရေး အထောက်အကူပြုအရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ကနဦးကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲများ၊ ခြုံစောင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအိတ်များ ပါဝင်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော၊ တရုတ်နိုင်ငံ အစိုးရမှ ပေးပို့သည့် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်း ပထမအသုတ်ကို သယ်ယူပို့ဆောင်ရန် ဝန်ထမ်းများက ပြင်ဆင်နေပုံကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော၊ တရုတ်နိုင်ငံ အစိုးရမှ ပေးပို့သည် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်း ပထမအသုတ် တင်ဆောင်လာသော လေယာဉ်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(English Version)
China’s first batch of disaster-relief material arrives in Myanmar
YANGON, March 31, 2025 (Xinhua) — China’s first batch of emergency humanitarian earthquake relief supplies to Myanmar departed from Beijing Capital International Airport on Monday morning and arrived in Myanmar on the same day.
In response to a request from the Myanmar government, China has decided to provide Myanmar with 100 million yuan (13.9 million U.S. dollars) in emergency humanitarian aid to support earthquake relief efforts.
According to the China International Development Cooperation Agency, the initial supplies include tents, blankets and first aid kits.
Photo 1, 2, 3: Staff members prepare to transport the first batch of disaster-relief material offered by the Chinese government at the Yangon International Airport in Yangon, Myanmar, March 31, 2025. (Photo by Haymhan Aung/Xinhua)
Photo 4, 5: The airplane carrying the first batch of disaster-relief material offered by the Chinese government arrives at the Yangon International Airport in Yangon, Myanmar, March 31, 2025. (Photo by Haymhan Aung/Xinhua)