Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း ချန်ပီယံဆုနှင့် ပိုမိုနီးစပ်လာ၊ နော့တင်ဟမ်ဖောရက်စ်က မန်စီးတီးအား အနိုင်ရရှိ
မတ် ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် လီဗာပူးလ်က ဆောက်သမ်တန်အား အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ယခုနှစ် ပရီးမီးယားလိဂ်ဆုဖလားအား ဆွတ်ခူးနိုင်ရန် ခြေလှမ်းတစ်လှမ်း ပိုမိုနီးစပ်လာခဲ့သည်။
လီဗာပူးလ်အနေဖြင့် ပီအက်စ်ဂျီအား အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားထားရသဖြင့် အသင်း၏ခြေစွမ်းမှာ အကောင်းဆုံးပုံစံအောက် သိသိသာသာ ကျဆင်းနေပြီး ပွဲပန်းနေပုံရသော်လည်း ပထမပိုင်းတွင် အန်ဖီးလ်ကွင်း၌ ဦးဆောင်ဂိုးသွင်းထားသည့် ပြိုင်ဘက်အား အနိုင်ယူရန် လုံလောက်သော တိုက်စစ်စွမ်းဆောင်ရည် ရှိနေဆဲဖြစ်သည်။
ပထမပိုင်းပြီးခါနီးတွင် ဝီလ်စမောလ်ဘုန်းက အမှတ်ပေးဇယားအောက်ဆုံးမှ ဆောက်သမ်တန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဒါဝင်နူနက်ဇ်က ပွဲချိန် ၅၁ မိနစ်တွင် ချေပဂိုးသွင်းယူခဲ့သလို သုံးမိနစ်အကြာတွင်လည်း အသင်းအတွက် ပင်နယ်တီရယူပေးခဲ့ပြီး အဆိုပါ ပင်နယ်တီအား မိုဟာမက် ဆာလာက ကန်သွင်းခဲ့သည်။
ထို့နောက် မိနစ် ၉၀ ပြည့်ရန် နှစ်မိနစ်အလိုတွင် ဆာလာက ဒုတိယအကြိမ်ရရှိသော ပင်နယ်တီကို အပိုင်ကန်သွင်း၍ အသင်းအတွက် အနိုင်သုံးမှတ် သေချာစေခဲ့သည်။ လက်ရှိတွင် လီဗာပူးလ်က နှစ်ပွဲလျော့နေသည့် အာဆင်နယ်အား ၁၆ မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
နော့တင်ဟမ်ဖောရက်စ်ကလည်း မန်ချက်စတာစီးတီးအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ လာမည့်ရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာရရှိရန် အခြေအနေကောင်းနေပြီဖြစ်သည်။
…..
— ဘွန်ဒက်စ်လီဂါ ချန်ပီယံပြေးလမ်းပေါ်မှ ဘိုင်ယန်နှင့် လေဗာကူဆင်တို့ ကိုယ်စီရှုံးပွဲကြုံတွေ့
မတ် ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ဘိုချမ်အသင်း၏ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွင် ဘိုင်ယန်က ရာဖာယယ် ဂွါရဲရိုး၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမှတ်ပေးဇယားအောက်ခြေမှ ဘိုချမ်အား ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ဒုတိယနေရာမှ လေဗာကူဆင်ကလည်း ဝါဒါဘရီမင်အား ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
ပထမပိုင်း ၄၃ မိနစ်တွင် ဘိုင်ယန်အသင်းမှ ဂျာအိုပေါ်လင်ညာ ဘိုချမ်ကစားသမား အာဆာနိုအား ဖျက်ထုတ်ပုံကြမ်းသည့်အတွက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ဘိုင်ယန်အနေဖြင့် တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။
အဆိုပါရလဒ်က တန်းမဆင်းရရေး ရုန်းကန်တိုက်ပွဲဝင်နေသည့် ဘိုချမ်အတွက် အရေးပါသော နိုင်ပွဲတစ်ပွဲဖြစ်သော်လည်း ဘိုင်ယန်၏ ချန်ပီယံမျှော်လင့်ချက်များအတွက်မူ ထိုးနှက်ချက်ဖြစ်လာခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲတွင်မူ ဝါဒါဘရီမင်က ဒုတိယနေရာမှ လေဗာကူဆင်အား ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ငါးပွဲဆက်ရှုံးပွဲဆက်မှုကို အဆုံးသတ်နိုင်ခဲ့သည်။
…..
— ဘာစီလိုနာအသင်း၏ ဆရာဝန် ကွယ်လွန်သွားသဖြင့် အိုဆာဆူနာနှင့် ပွဲစဉ်အား ရွှေ့ဆိုင်း
ဘာစီလိုနာအသင်းနှင့် အိုဆာဆူနာအသင်း၏ လာလီဂါပွဲစဉ်အား မတ် ၈ ရက် ညပိုင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း အသင်း၏ ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကားလက်စ် မင်နာရို ကွယ်လွန်သွားခြင်းကြောင့် ၎င်းပွဲစဉ်အား ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ မင်နာရိုမှာ အဆိုပါပွဲစဉ်မတိုင်မီ အသင်းနှင့်အတူ ဟိုတယ်၌ရှိနေစဉ် မတ် ၈ ရက် မွန်းလွဲပိုင်းက ကွယ်လွန်သွားသည့်အတွက် ထိုပွဲစဉ်အား ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
“လာလီဂါအဖွဲ့ချုပ်အနေနဲ့ ဘာစီလိုနာ ပထမအသင်းရဲ့ ဆရာဝန် ကားလက်စ် မင်နာရို ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းပူဆွေးရသလို ဘာစီလိုနာနဲ့ အိုဆာဆူနာတို့ ယှဉ်ပြိုင်ကစားမယ့် မတ် ၈ ရက်ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း အသိပေးကြေညာလိုက်ပါတယ်” ဟု အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။
…..
— နာမည်ကြီးတင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ် အင်ဒီယန်ဝဲလ်စ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ
မတ် ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ATP 1000 အင်ဒီယန်ဝဲလ်စ် မာစတာစ် တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် နိုဗက် ဂျိုကိုဗစ်က ဒတ်ချ်ကစားသမား ဘိုတစ် ဗန်ဒီ ဇန်ရှုအား ၆-၂၊ ၃-၆၊ ၆-၁ ဖြင့် အံ့အားသင့်ဖွယ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
ပွဲကစားချိန် နှစ်နာရီကျော် ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဂရင်းစလင်းချန်ပီယံဆု ၂၄ ဆုရှင် ဂျိုကိုဗစ်မှာ ၎င်း၏ ပထမစပေးဘောမှ ရမှတ် ၆၃ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး အဆင့်-၈၅ နေရာရှိ ၎င်း၏ပြိုင်ဘက်ကမူ break point ရှစ်ကြိမ်တွင် ငါးကြိမ်အား အမှတ်ရအောင်ယူနိုင်ခဲ့သည်။ (Xinhua)

 ……………………………….

(English Version)
Liverpool edges closer to title as Nottingham Forest wins big over Man City
Liverpool took another step towards this season’s Premier League title with a 3-1 win at home to Southampton on Saturday afternoon.
Although the Liverpool side was well below its best and looked tired after last week’s Champions League win away to Paris Saint Germain, it still had enough firepower to beat a rival that took the lead in Anfield on the stroke of halftime.
Will Smallbone put the bottom of the table side ahead on the stroke of halftime, but Darwin Nunez leveled the score in the 51st minute and then won the penalty that allowed Mohamed Salah to put Liverpool in front just three minutes later.
A second Salah penalty two minutes from time assured the points for Liverpool, who now leads Arsenal by 16 points, although the London side has played two games fewer.
Nottingham Forest took a massive step towards booking a place in next season’s Champions League with a 1-0 win at home to Manchester City.
…..
Title rivals Bayern, Leverkusen falter in Bundesliga title race
Raphael Guerreiro’s brace wasn’t enough as 10-man Bayern Munich squandered a 2-0 lead to lose 3-2 to bottom side Bochum, while second-placed Bayer Leverkusen lost 2-0 to Werder Bremen on Saturday.
A key moment came just before the break when Joao Palhinha was shown a straight red card for a high challenge on Takuma Asano, leaving Bayern with ten men in the 43rd minute.
The result gave Bochum a vital win in their relegation battle and dealt a blow to Bayern’s title hopes.
Elsewhere, Werder Bremen ended a five-match losing streak with a 2-0 win at second-placed Bayer Leverkusen.
…..
Barcelona match postponed after club doctor dies
FC Barcelona’s La Liga game at home to Osasuna that was scheduled to be played on Saturday night was postponed after a member of the FC Barcelona medical team, Carles Minarro, died. Minarro passed away on Saturday afternoon at the team hotel prior to the game, leading to La Liga postponing the league leaders’ match.
“La Liga laments the death of the FC Barcelona first team doctor, Carles Minarro, and informs that for this motive the game between FC Barcelona and Osasuna scheduled for today (Saturday) has been postponed,” read the communique from the competition’s organizing body.
…..
Djokovic eliminated by lucky loser at Indian Wells
Novak Djokovic was eliminated from the ATP 1000 Indian Wells Masters on Saturday, suffering a shock 6-2, 3-6, 6-1 loss to Dutchman Botic van de Zandschulp in the second round.
The 24-time Grand Slam champion won just 63 percent of points on his first serve while his 85th-ranked rival converted five of eight break points to prevail in just over two hours.