Connect with us

China

တရုတ်နိုင်ငံ၏ အဆင့်မြင့် တာဝန်ရှိပုဂ္ဂိုလ်နှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ စည်းကမ်းထိန်းသိမ်းကြပ်မတ်ရေးဆိုင်ရာ CPC ဗဟိုကော်မရှင် အတွင်းရေးမှူး လီရှီးနှင့် တရုတ်-CELAC (လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော့ဒရီဂတ်ဇ် ပါရေးလာတို့ ပေကျင်းမြို့တွင် မေ ၁၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အဆင့်မြင့် တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သူ လီရှီးသည် တရုတ်-လက်တင်အမေရိကဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော့ဒရီဂတ်ဇ် ပါရေးလာနှင့် ပေကျင်းမြို့တွင် မေ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ စည်းကမ်းထိန်းသိမ်းကြပ်မတ်ရေးဆိုင်ရာ CPC ဗဟိုကော်မရှင် အတွင်းရေးမှူး လီက နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ကျူးဘား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ခြင်းမှ အကျိုးရလဒ်သစ်များ စဉ်ဆက်မပြတ် ဖြစ်ထွန်းလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ကျူးဘားနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၆၅ နှစ်ပြည့် အခါသမယလည်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဆိုရှယ်လစ်ပုံစံ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအား ဖော်ဆောင်ရာတွင် ကျူးဘားနိုင်ငံအား အစဉ်သဖြင့် အခိုင်အမာ ပံ့ပိုးကူညီလျက်ရှိကြောင်း လီက ဆိုသည်။
ထို့အတူ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်နက်ရှိုင်းရှိုင်းရှိစေရန်၊ အပြန်အလှန် ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် လေ့လာမှုတို့ကို အခိုင်အမာလုပ်ဆောင်ရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ရန်၊ ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံကြား ထူးခြားလေးနက်၍ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် အားပေးမြှင့်တင်ရန် ဆန္ဒရှိပါကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ရော့ဒရီဂတ်ဇ်ကလည်း ကျူးဘားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးကြီးမားမား အထောက်အကူပေးမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ကျူးဘားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအား စွဲမြဲစွာ စောင့်ထိန်းလျက်ရှိသကဲ့သို့ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ခိုင်မာနက်ရှိုင်းအောင် လုပ်ဆောင်ကာ လက်တင်အမေရိက-တရုတ် ဆက်ဆံရေး တိုးတက်မှုကို မြှင့်တင်ရန်လည်း ဆန္ဒရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)


………………….
(English Version)
Senior Chinese official meets with Cuban FM
BEIJING, May 12 (Xinhua) — Senior Chinese official Li Xi on Monday met with Cuban Foreign Minister Bruno Rodriguez Parrilla, who is in China to attend the fourth ministerial meeting of the China-Latin America Forum, in Beijing.
Li, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and secretary of the CPC Central Commission for Discipline Inspection, said that under the strategic guidance of the two heads of state, the construction of a China-Cuba community with a shared future continues to yield new outcomes.
This year marks the 65th anniversary of diplomatic relations between China and Cuba. China will, as always, firmly support Cuba in pursuing a socialist development path in line with its national conditions, Li said.
China is also willing to deepen political mutual trust with Cuba, strengthen exchange and mutual learning, enhance strategic cooperation, and promote the continuous development of the special friendly relations between the two parties and countries, Li added.
For his part, Rodriguez said that Cuba thanks China for its great support for Cuba’s economic and social development. Cuba firmly adheres to the one-China principle, and is willing to deepen the friendly relations between the two countries and promote the development of Latin America-China relations. ■
English Caption
Li Xi, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and secretary of the CPC Central Commission for Discipline Inspection, meets with Cuban Minister of Foreign Affairs Bruno Rodriguez Parrilla, who is here to attend the fourth ministerial meeting of the China-CELAC (Community of Latin American and Caribbean States) Forum, in Beijing, capital of China, May 12, 2025. (Xinhua/Yin Bogu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.