Connect with us

China

နိုင်ငံအသီးသီး လက်တွဲပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်ချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးကို အတူတကွတည်ဆောက်ကြရန် ရှီကျင့်ဖိန် တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပေကျင်းမြို့၌ကျင်းပသော တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ၂၀၂၅ ခုနှစ် မေ ၁၃ ရက် နံနက်ပိုင်းက တက်ရောက်၍ အဓိကမိန့်ခွန်းပြောကြားခဲ့ပြီးနောက် အစည်းအဝေးတက်ရောက်သော ဧည့်သည်တော်များနှင့်အတူ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

ရာစုနှစ်အတွင်း မကြုံစဖူး အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်ပြီး အန္တရာယ်များ အထပ်အထပ် ရောယှက်နေသည့်အခြေအနေတွင် နိုင်ငံအသီးသီးအနေဖြင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

စည်းကြပ်ခွန် စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူဟူ၍ မရှိကြောင်း၊ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးခြင်းသည် မိမိကိုယ်ကိုသာ အထီးကျန်စေမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပေကျင်းမြို့၌ကျင်းပသော တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဓိကမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ (Xinhua)

——————
(English  Version)
Xi calls on countries to work together for world peace, stability, prosperity
BEIJING, May 13 (Xinhua) — As changes unseen in a century are accelerating and multiple risks are intertwined, only by working together can countries maintain world peace and stability and promote global development and prosperity, Chinese President Xi Jinping said on Tuesday. There are no winners in tariff wars and trade wars, and bullying and hegemony will only result in self-isolation, Xi said when delivering a keynote speech at the opening ceremony of the fourth ministerial meeting of the China-CELAC (Community of Latin American and Caribbean States) Forum in Beijing. Enditem
5月13日上午,国家主席习近平在北京国家会议中心出席中国-拉美和加勒比国家共同体论坛第四届部长级会议开幕式并发表主旨讲话。这是习近平同与会嘉宾集体合影。 新华社记者 丁海涛 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.