Connect with us

China

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်ကို ဖော်ဆောင်ရန် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများနှင့် အတူတကွလုပ်ဆောင်ရန်အသင့်ရှိဟု သမ္မတ ရှီပြော

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်ကို ဖော်ဆောင်ရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများအကြား သာတူညီမျှရှိ၍ အပြန်အလှန်လေ့လာမှု၊ ဆွေးနွေးမှုနှင့် အားလုံးပါဝင်မှုရှိသော တန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများနှင့် အတူတကွလုပ်ဆောင်ရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၁၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်မှု စသည်တို့၏ ဘုံတန်ဖိုးများကို အားပေးမြှင့်တင်ရာတွင် နိုင်ငံအသီးသီးနှင့်အတူတကွ ဆောင်ရွက်သွားလိုကြောင်း သမ္မတ ရှီက တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အထက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)


………………………..
(English Version)
China ready to work with Latin American and Caribbean countries to implement Global Civilization Initiative: Xi
BEIJING, May 13 (Xinhua) — China stands ready to work with Latin American and Caribbean countries to implement the Global Civilization Initiative, and uphold the values of equality, mutual learning, dialogue and inclusiveness among civilizations, Chinese President Xi Jinping said Tuesday.
Xi made the remarks when addressing the opening ceremony of the fourth ministerial meeting of the China-CELAC (the Community of Latin American and Caribbean States) Forum, noting that China is willing to work with the countries to promote the common values of peace, development, equity, justice, democracy and freedom.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.