Connect with us

China

သမ္မတ ရှီနှင့် ဘရာဇီးနိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားတို့ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် မေ ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားနှင့် ပေကျင်းမြို့တွင် မေ ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၅၀ ပြည့် အခါသမယဖြစ်သော ယမန်နှစ်က နှစ်နိုင်ငံအနေဖြင့် နှစ်ဖက်ဆက်ဆံရေးအား ပိုမိုတရားမျှတသောကမ္ဘာကြီးနှင့် ပိုမို ရေရှည်တည်တံ့သော ကမ္ဘာမြေအတွက် တရုတ်-ဘရာဇီး အေးအတူပူအမျှ အသိုက်အဝန်းအဖြစ်သို့ အဆင့်မြှင့်တင်ကြရန် ပူးတွဲကြေညာခဲ့ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် တရုတ်-ဘရာဇီး အေးအတူပူအမျှ အသိုက်အဝန်းကို စိတ်အားထက်သန်စွာ အဆင့်မြင့် တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်း ချိန်ညှိရေးနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား ခိုင်မာအားကောင်းသော စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပူးတွဲမြှင့်တင်ရေးအတွက်လည်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု ထိန်းသိမ်းသွားမည်ဖြစ်ကာ တစ်နိုင်ငံချင်းစီ၏ ပင်မအကျိုးစီးပွားများနှင့် အဓိကစိုးရိမ်ပူပန်မှုများနှင့် ဆက်စပ်သော ကိစ္စရပ်များအပေါ် အပြန်အလှန် ထောက်ခံအားပေးသွားရမည်ဖြစ်ပြီး အလွှာအသီးသီးနှင့် နည်းလမ်းအသွယ်သွယ်၌ ကူးလူးဖလှယ်မှု ခိုင်မာအားကောင်းသွားရမည်ဖြစ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3As

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားတို့ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် မေ ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားနှင့် ဇနီး ရိုဆန်ဂယ်လာ ဒါဆေးလ်ဗားတို့နှင့် မြို့တော်ပေကျင်းတွင် ၂၀၂၅ ခုနှစ် မေ ၁၃ ရက်က အဖွဲ့လိုက် မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

……………………….
(English Version)
Xi holds talks with Brazilian president
BEIJING, May 13 (Xinhua) — Chinese President Xi Jinping held talks with Brazilian President Luiz Inacio Lula da Silva, who is on a state visit to China, in Beijing on Tuesday.
Xi said that on the occasion of the 50th anniversary of the establishment of diplomatic relations between China and Brazil last year, the two sides jointly announced the elevation of bilateral relations to a China-Brazil community with a shared future for a more just world and a more sustainable planet.
He called on the two sides to vigorously advance the construction of a China-Brazil community with a shared future, continuously deepen the alignment of development strategies, and jointly promote strengthened solidarity and cooperation among Global South countries.
Xi stressed that China and Brazil should maintain strategic mutual trust, provide mutual support on issues concerning each other’s core interests and major concerns, and strengthen exchange at all levels and in all respects. xhtxs.cn/3As
Photo 1, 2- Chinese President Xi Jinping holds talks with Brazilian President Luiz Inacio Lula da Silva, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, May 13, 2025. (Xinhua/Huang Jingwen)
Photo 3: Chinese President Xi Jinping and his wife Peng Liyuan pose for a group photo with Brazilian President Luiz Inacio Lula da Silva and his wife Rosangela da Silva in Beijing, capital of China, May 13, 2025. Xi held talks with Lula, who is on a state visit to China, in Beijing on Tuesday. (Xinhua/Huang Jingwen)