Connect with us

China

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်တွင် ခေါင်မိုးထပ် နေရောင်ခြည်စွမ်းအင်သုံးကိရိယာများက အစိမ်းရောင်စီးပွားရေးကို မြှင့်တင်ပေး

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ယွမ်ရှီးခရိုင်ရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ခေါင်မိုးထပ် နေရောင်ခြည်စွမ်းအင်သုံးကိရိယာများကို စစ်ဆေးနေသည့် နိုင်ငံပိုင် State Grid ကုမ္ပဏီမှ ဝန်ထမ်းများကို ၂၀၂၅ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီကျားကျွမ်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များက တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ယွမ်ရှီးခရိုင်သည် ဒေသခံကုမ္ပဏီများအား အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် ၎င်းတို့၏ စီမံခန့်ခွဲမှုကုန်ကျစရိတ်များ လျှော့ချနိုင်ရန် ရည်ရွယ်၍ ၎င်းတို့ရုံးခန်းအဆောက်အဦ ခေါင်မိုးထပ်များတွင် နေရာင်ခြည်စွမ်းအင်ထုတ်လုပ်ရေးကိရိယာများ တပ်ဆင်ရန် တိုက်တွန်းအားပေးခဲ့သည်။ ယခုအခါ အဆိုပါ ခေါင်မိုးထပ်ကိရိယာများသည် ပေါင်းစပ်လျှပ်စစ်ဓာတ်အား ၂၉.၄၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်ကာ လျှပ်စစ်ဓာတ်အားပေးလိုင်းနှင့်လည်း ချိတ်ဆက်နိုင်ခဲ့ပြီဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ယွမ်ရှီးခရိုင်ရှိ ခေတ်မီစိုက်ပျိုးရေးကုမ္ပဏီတစ်ခုတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လာရောက်စစ်ဆေးနေသော နိုင်ငံပိုင် State Grid ကုမ္ပဏီလက်‌အောက်ခံ ဒေသန္တရရုံးခွဲမှ ဝန်ထမ်းများကို ၂၀၂၅ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ယွမ်ရှီးခရိုင်ရှိ နွားမွေးမြူရေးကုမ္ပဏီတစ်ခုတွင် တပ်ဆင်ထားသော ခေါင်မိုးထပ် နေရောင်ခြည်စွမ်းအင်သုံးကိရိယာများကို ၂၀၂၅ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Rooftop photovoltaic devices boost green economy in N China’s Hebei
SHIJIAZHUANG, May 15 (Xinhua) — In recent years, Yuanshi County of north China’s Hebei Province has encouraged local companies to set up photovoltaic power generation devices on their roofs, aiming to promote the development of green economy and to reduce their management cost. These rooftop devices now boast a combined power generating capacity of 29.49 megawatt connected to the power grid.
Photo 1: Staff members of the State Grid in Yuanshi County patrol the rooftop photovoltaic devices at a technology company in Yuanshi County, north China’s Hebei Province, May 14, 2025. (Xinhua/Mu Yu)
Photo 2: Staff members of a local subordinate of the State Grid check power consumption of a modern agriculture company in Yuanshi County, north China’s Hebei Province, May 14, 2025. (Xinhua/Mu Yu)
Photo 3: An aerial drone photo taken on May 14, 2025 shows rooftop photovoltaic devices at a cattle farming company in Yuanshi County, north China’s Hebei Province. (Xinhua/Mu Yu)