China
တရုတ်နိုင်ငံ အနောက်ပိုင်းတွင် နိုင်ငံတကာကုန်စည်ပြပွဲက ကုမ္ပဏီပေါင်း ၃,၀၀၀ ကျော်ကို ဆွဲဆောင်ထား

ချိန်တူး၊ မေ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူးတွင် ၂၀ ကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲ (WCIF) ကို မေ ၂၅ ရက်က ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးပေါ် နည်းပညာများနှင့် အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများ ပြသလျက်ရှိကာ နိုင်ငံနှင့် ဒေသ ၆၂ ခုမှ ကုမ္ပဏီ ၃,၀၀၀ ကျော်အား ဆွဲဆောင်လျက်ရှိသည်။
ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်ပြပွဲတွင် လာအိုနှင့် ဟန်ဂေရီ နိုင်ငံတို့က ဂုဏ်ထူးဆောင်ဧည့်သည်တော် နှစ်နိုင်ငံအဖြစ် ပါဝင်ပြသလျက်ရှိသည်။ လာအိုနိုင်ငံ၏ ပြခန်းက လက်ဖက်ရည်၊ ကော်ဖီ၊ ပရိဘောဂနှင့် လက်မှုပစ္စည်းများ အဓိက ပြသထားသလို ဟန်ဂေရီနိုင်ငံပြခန်းတွင် လုပ်ငန်းကုမ္ပဏီ ၁၇ ခုက ဝိုင်၊ ကျန်းမာရေးဆိုင်ရာကိရိယာများ၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်သော ရေသန့်စင်သည့်နည်းပညာများကို အထူးထည့်သွင်းပြသထားကြောင်း သိရသည်။
ထိုကုန်စည်ပြပွဲက လာအိုနှင့် အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးချိတ်ဆက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အချက်အလက်မျှဝေမှုများအတွက် တန်ဖိုးရှိသော အခွင့်အလမ်းများ ပေးစွမ်းခဲ့သလို ဒေသတွင်း လူသုံးကုန်ဈေးကွက်များ ကွန်ရက်ချိတ်ဆက်မှုနှင့် ပေါင်းစည်းမှုကိုလည်း ထိထိရောက်ရောက် မြှင့်တင်ပေးလျက်ရှိကြောင်း လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Kikeo Khaykhamphithoune က ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
အဆိုပါကုန်စည်ပြပွဲတွင် ပထမဆုံးလာရောက်ပြသသော အင်ဒိုနီးရှားနိုင်ငံမှ ပြပွဲပြသသူ Fransisca Pauline Tjandra က လက်မှုအသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသလျက်ရှိသည်။ ခရုခွံလည်ဆွဲများကဲ့သို့ ကိုယ်တိုင်ပြုလုပ်ရသည့် လက်မှုပစ္စည်းများ ဖန်တီးသောနေရာကိုလည်း ထည့်သွင်းလုပ်ဆောင်ခြင်းဖြင့် တရုတ်ပြည်သူများက ပြပွဲမှတစ်ဆင့် အင်ဒိုနီးရှား လက်မှုပစ္စည်းများအကြောင်း လေ့လာနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။
“ပြပွဲတက်ရောက်ဖို့ အခြေခံတရုတ်စကားလေးတွေဖြစ်တဲ့ ‘နီဟောင် – nihao’ (မင်္ဂလာပါ) ၊ ‘ရှဲ့ရှဲ့ – xiexie’ (ကျေးဇူးတင်ပါတယ်) နှင့် ‘သောစောင်ချန် – Duoshaoqian?’ (ဘယ်လောက်လဲ) ဆိုတာတွေကို လေ့လာခဲ့တယ်” ဟု ၎င်းက ဆိုသည်။
စီချွမ်းပြည်နယ်အစိုးရက ကြီးမှူးကျင်းပသော ထိုကုန်စည်ပြပွဲကို မေ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် ကျင်းပသော ၂၀ ကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲအတွင်း ကျဲ့ကျန်းပြည်နယ်ပြခန်း၌ AI မျက်မှန်များ စမ်းသပ်လေ့လာနေသူတစ်ဦးကို ၂၀၂၅ ခုနှစ် မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
International expo in western China draws over 3,000 companies
CHENGDU, May 25 (Xinhua) — The 20th Western China International Fair (WCIF) opened on Sunday in Chengdu, the capital of southwest China’s Sichuan Province, showcasing cutting-edge technologies and diverse products, and attracting more than 3,000 companies from 62 countries and regions.
For the first time, this year’s event has two guest countries of honor: Laos and Hungary. Laos’ pavilion is spotlighting tea, coffee, furniture and handicrafts, while Hungary’s is presenting 17 firms specializing in wine, medical devices and eco-friendly water treatment technology.
The fair provides valuable opportunities for business matchmaking, investment cooperation and information sharing for enterprises from Laos and other countries, effectively enhancing connectivity and integration in regional commodity markets, Lao Deputy Prime Minister Kikeo Khaykhamphithoune said at the opening ceremony.
Making her first appearance at the fair, Indonesian exhibitor Fransisca Pauline Tjandra is showcasing handmade accessories. And by running a workshop on manual handicrafts such as shell necklaces, she expects that more Chinese people will learn about Indonesian handicrafts through the event.
“To attend the fair, I even learned some basic Chinese, like ‘nihao’ (hello), ‘xiexie’ (thanks) and ‘Duoshaoqian?’ (How much?),” she said.
Hosted by the Sichuan provincial government, the fair will run until Thursday.
Photo 1: The opening ceremony of the 20th Western China International Fair is held in Chengdu, southwest China’s Sichuan Province, May 25, 2025. (Xinhua/Liu Kun)
Photo 2: A visitor tries AI glasses at the pavilion of Zhejiang Province at the 20th Western China International Fair in Chengdu, southwest China’s Sichuan Province, May 25, 2025. (Xinhua/Liu Kun)