Connect with us

China

စွန့်ပစ်မြေယာများမှ အံ့ဖွယ်နေရာများအဖြစ် ပြောင်းလဲလာ – တရုတ်နိုင်ငံက စွန့်ပစ်မိုင်းတွင်းများကို ရေရှည်တည်တံ့သော အနာဂတ်အတွက် ပြန်လည်ဆန်းသစ်ဖော်ထုတ်လျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ဟယ်ကျယ်မြို့ ကြီး၊ ဟယ်ထောင်ယွမ်မြို့ရှိ ပိုင်ဟူတောင် ရှုခင်းသာနေရာတွင် လှေစီးရင်းရှုခင်းကြည့်နေကြသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျီနန်၊ မေ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ပိုင်ဟူတောင်ရှိ ထျန်းချီရေကန်သည် လှိုင်းပြာပြာလေးများ တစ်လျှပ်လျှပ်ဖြင့် အလွန်တရာကျယ်ပြန့်လှသော ရေပြင်အသွင်ရှိနေပြီး ကျောက်ဆောင်ကျောက်သား ကမ်းစပ်များတစ်လျှောက်တွင်လည်း ခရမ်း‌ဖျော့ဖျော့ ပေါ်လိုနီးယားပန်းပွင့်များ ပွင့်လန်းလျက်ရှိပေသည်။
ကမ္ဘာပေါ်ရှိ သတ္တုတွင်းထွက်ကြွယ်ဝစွာ တည်ရှိသောနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် မြေယာ ဟက်တာသန်းချီရှိသည့် မိုင်းတွင်း ၁၅၀,၀၀၀ ကျော် ရှိသည်။ သန့်ရှင်းသောရေပြင်နှင့် စိမ်းလန်းသော တောင်တန်းများက အဖိုးထိုက်တန်သော ပိုင်ဆိုင်မှုပစ္စည်းများ ဖြစ်သည်ဟူသော အယူအဆကို လက်ကိုင်ထားလျက် တရုတ်နိုင်ငံသည် ဂေဟဗေဒ၊ စီးပွားရေးနှင့် လူမှုရေး အကျိုးကျေးဇူးများအရ နှစ်ဘက်အကျိုးရှိစေမည့် ရလဒ်များအား ရည်ရွယ်ကာ မကြာသေးမီနှစ်များအတွင်း စွန့်ပစ်မိုင်းတွင်းများကို ‌ဂေဟဗေဒဆိုင်ရာ ပြန်လည်ထူထောင်မှု အဆင့်မြှင့်တင်ရေးအတွက် အစီအမံများစွာ အကောင်အထည်ဖော်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ စွန့်ပစ်မိုင်းတွင်း ဟက်တာ ၃၃၃,၃၀၀ ကျော်ကို ပြန်လည်ထူထောင်ခဲ့ပြီးဖြစ်ကာ ယင်းအနက် ဟက်တာ ၂၆,၂၀၀ မှာ ၂၀၂၄ ခုနှစ် တစ်နှစ်တည်း၌ အသစ် ပြန်လည်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3VJ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ အန်းကျီခရိုင်၊ ဟုန်‌မြောင်ကျေးရွာရှိ စွန့်ပစ်မိုင်းတွင်းတစ်ခုအနီးက Deep Blue Coffeehouse ဆိုင်ကို ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
From wastelands to wonders: China revives abandoned mines for sustainable future
JINAN, May 27 (Xinhua) — Tianchi Lake at Baihu Mountain in east China’s Shandong Province features expansive water shimmering with rippling blue waves, and pale purple paulownia flowers blooming along its steep rocky shores.
As one of the world’s most mineral-rich nations, China contains over 150,000 mines occupying millions of hectares of land. Upholding the concept that clear waters and green mountains are valuable assets, the country has implemented multiple measures to advance the ecological rehabilitation of abandoned mines in recent years, aiming for win-win outcomes in terms of ecological, economic and social benefits.
By the end of 2024, over 333,300 hectares of abandoned mines had been rehabilitated — including 26,200 hectares newly restored in 2024 alone. xhtxs.cn/3VJ
Photo 1: Tourists ride sightseeing boats in the Baihu Mountain scenic spot in Hetaoyuan Town of Heze, east China’s Shandong Province, May 16, 2025. (Photo by Zang Dongming/Xinhua)
Photo 2: This aerial photo taken on April 7, 2023 shows the Deep Blue Coffeehouse located near an abandoned mine in Hongmiao Village of Anji County in Huzhou, east China’s Zhejiang Province. (Xinhua/Weng Xinyang)