China
တရုတ်နိုင်ငံ၏ ငွေကြေးအရင်းအနှီးဈေးကွက်တွင် ပါဝင်ရန် အမေရိကန်က ထောက်ပံ့ထားသည့် ငွေကြေးအဖွဲ့အစည်းများကို ကြိုဆိုဟု တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ပြောကြား

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် ပေကျင်းမြို့တွင် မေ ၂၈ ရက်က မော်ဂန် စတန်လေ ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဒန် ဆင်မ်ကိုဝစ်ဇ်အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် တံခါးဖွင့်လှစ်မှုဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် ကတိကဝတ်ပြုခြင်းက တရုတ်နိုင်ငံ၏ စီးပွားရေးကိုသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုလည်း အားသစ်လောင်းပေးကာ တွန်းအားများ ဖြည့်တင်းပေးလျက်ရှိသည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဟယ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်းရှိစေရန်၊ တရုတ်နိုင်ငံ၏ ငွေကြေးအရင်းအနှီးဈေးကွက် ထူထောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် တက်တက်ကြွကြွ ပါဝင်ရန်အတွက် မော်ဂန် စတန်လေ အပါအဝင် ပိုမိုများပြားသော အမေရိကန်က အထောက်အပံ့ပေးထားသည့် ငွေကြေးအဖွဲ့အစည်းများနှင့် ရေရှည်ဖြစ်သော ငွေကြေးအရင်းအနှီးများကို ထပ်မံကြိုဆိုကြောင်း ဟယ်က ဆက်လက်ပြောကြားခဲ့သည်။
ဆင်မ်ကိုဝစ်ဇ်ကလည်း အမေရိကန်-တရုတ် ကုန်သွယ်စီးပွားဆိုင်ရာ ဆွေးနွေးမှုများတွင် ခြေခြေမြစ်မြစ် တိုးတက်မှုများ ရရှိခဲ့သည့်အပေါ် ကျေနပ်ဝမ်းမြောက်မိကြောင်း၊ ၎င်းအနေဖြင့် အမေရိကန်နှင့် တရုတ်စီးပွားရေးလုပ်ငန်းများကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် တရုတ်ဈေးကွက်အပေါ် ဆက်လက်အာရုံစိုက်ကာ အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
U.S.-funded financial institutions welcome to participate in China’s capital market: vice premier
BEIJING, May 28 (Xinhua) — Chinese Vice Premier He Lifeng met with Co-President of Morgan Stanley Dan Simkowitz in Beijing on Wednesday.
He, also a member of the Political Bureau of the Communist Party of China Central Committee, said that China’s commitment to promoting high-quality development through high-level opening up will invigorate and add impetus to the Chinese and global economies.
He welcomed more U.S.-funded financial institutions and long-term capital, including Morgan Stanley, to continuously deepen mutually beneficial cooperation with China and actively participate in the construction and development of China’s capital market.
Simkowitz was pleased with the substantive progress made in the U.S.-China economic and trade talks and said that he would continue to focus on the Chinese market and provide high-quality services to promote investment cooperation between U.S. and Chinese enterprises.
English Caption
Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee, meets with Co-President of Morgan Stanley Dan Simkowitz in Beijing, capital of China, May 28, 2025. (Xinhua/Yao Dawei)