China
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့တွင် ဒရုန်းပျံသန်းမှု လမ်းကြောင်းသစ်များ စတင်ပြေးဆွဲ

ဝူဟန့်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ဝူချန်း၊ ဟန့်ခို၊ ဟန့်ယန်ခရိုင်တို့ကို ချိတ်ဆက်ထားသော ဒရုန်းပျံသန်းမှု လမ်းကြောင်းသစ် ၁၀ ခုအား ဇွန် ၁၆ ရက်က တရားဝင် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝေဟင်နိမ့်ပျံသန်းရေး ဝန်ဆောင်မှု၌ အချိန်နှင့်တစ်ပြေးညီ လွှတ်တင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခု၊ စမတ်နည်းပညာသုံး ထိန်းချုပ်ကွပ်ကဲရေးစင်တာနှစ်ခု၊ ဝေဟင်နိမ့်လမ်းကြောင်း ၁၀ ခုနှင့် ဉာဏ်ရည်ထည့်သွင်းထားသော ဒရုန်းရပ်နားသည့်နေရာ ၂၂ ခုတို့ ပါဝင်ရာ ပင်လယ်စာ၊ ဆေးဝါးနှင့် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသောပန်းများ စသည့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို လွယ်ကူမြန်ဆန်စေကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဟန့်ရှန်း ဝေဟင်နိမ့်လေယာဉ်ကွင်းအား ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဟန့်ရှန်း ဝေဟင်နိမ့်လေယာဉ်ကွင်း၌ ဒရုန်းတစ်စင်းပေါ်သို့ ကုန်ပစ္စည်းများ တင်နေသည့် ဝန်ထမ်းတစ်ဦးအား ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဟန့်ရှန်း ဝေဟင်နိမ့်လေယာဉ်ကွင်းမှ ပျံတက်လာသော ဒရုန်းများကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………
(English Version)
New drone routes put into operation in central China’s Wuhan
WUHAN, June 16 (Xinhua) — Ten new drone routes linking Wuchang, Hankou and Hanyang in Wuhan were officially put into operation on Monday.
The low-altitude flying service consists of a digital real-time dispatching platform, 2 smart command centers, 10 low-altitude routes and 22 intelligent aprons. It facilitates the delivery of goods such as seafood, fresh flowers and medicines.
English Caption 1
An aerial drone photo taken on June 16, 2025 shows a logistic drone flying in Wuhan, central China’s Hubei Province. (Xinhua/Wu Zhizun)
English Caption 2
This photo taken on June 16, 2025 shows the Hanshang Low-altitude Airfield in Wuhan, central China’s Hubei Province. (Xinhua/Wu Zhizun)
English Caption 3
A staff member loads cargos onto a drone at Hanshang Low-altitude Airfield in Wuhan, central China’s Hubei Province, June 16, 2025. (Xinhua/Wu Zhizun)
English Caption 4
Drones take off from Hanshang Low-altitude Airfield in Wuhan, central China’s Hubei Province, June 16, 2025. (Xinhua/Wu Zhizun)