China
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ၏ စီးပွားရေးက ပြင်ပစိန်ခေါ်မှုများရှိနေသည့်ကြားမှ တိုးတက်မှုလမ်းကြောင်း၌ တည်ငြိမ်စွာရှိနေဟု တာဝန်ရှိသူ ပြော

ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ကောင်းမွန်သောအစပြုမှု တည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်စွာ ဆက်လက်တိုးတက်လျက်ရှိကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် တာဝန်ရှိသူ တင်းလျင်က ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းအေဂျင်စီက စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ၊ နောက်ဆုံးပြုလုပ်ခဲ့သည့် အစီအစဉ်ကြီးတွင် တင်းက ရှုပ်ထွေးလှသော ပြင်ပအခြေအနေများရှိနေသည့်တိုင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဆက်လက်ကြံ့ကြံ့ခံလျက်ရှိကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် စက်မှုလုပ်ငန်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုကဏ္ဍ၊ ပြည်တွင်းဝယ်လိုအားနှင့် တင်ပို့မှုများ စသည့် အဓိကအညွှန်းကိန်းများကလည်း ခိုင်မာသောတိုးတက်မှုကို ဖော်ညွှန်းပြလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုစွမ်းအားနှင့် စပ်လျဉ်း၍ ဧပြီလအတွင်း နည်းပညာကုန်ထုတ်လုပ်မှုကဏ္ဍ၌ ၁၀ ရာခိုင်နှုန်း တိုးတက်မှုရှိပြီး တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း အလုံးစုံတိုးတက်မှုနှုန်းထက် ပွိုင့် ၄ ရာခိုင်နှုန်းနီးပါး မြင့်တက်လာသည်ကို ကိုးကားလျက် တင်းက အလေးထားပြောကြားခဲ့သည်။
ထို့ပြင် ဒရုန်းများ၊ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ၊ ဉာဏ်ရည်တုနှင့် လူသားပုံစံတူစက်ရုပ်များ စသဖြင့် စက်မှုလုပ်ငန်းများ၏ အရှိန်မြင့်ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍လည်း တင်းက ထည့်သွင်းပြောကြားခဲ့သည်။
“ယေဘုယျအားဖြင့်တော့ တိုးတက်မှုကိုရှေးရှုတဲ့ စီမံဆောင်ရွက်မှုတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ခြင်းအားဖြင့် အဲဒါတွေရဲ့ သက်ရောက်မှုက ဆက်လက်ပေါ်ထွန်းလာမှာဖြစ်ပြီး နိုင်ငံရဲ့ စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထပ်ဆင့်မြှင့်တင်ပေးလိုက်မှာ ဖြစ်ပါတယ်” ဟု တင်းက ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ယမန်နှစ်အလားတူကာလထက် ၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
(China Economic Roundtable) China’s economy on steady upward trajectory amid external challenges: official
BEIJING, June 5 (Xinhua) — Building on a positive start in the first quarter of 2025, China’s economy is continuing to make steady progress, said Ding Lin, an official with the National Development and Reform Commission.
Speaking on the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency, Ding noted that despite a complex external environment, China’s economy has remained resilient. Notably, key indicators like industrial production, the service sector, domestic demand and exports have shown robust growth.
Ding emphasized China’s innovative dynamism, citing 10-percent growth in the high-tech manufacturing sector in April, nearly 4 percentage points higher than the country’s overall industrial growth rate.
Ding also highlighted the accelerated development of industries such as drones, new energy vehicles, artificial intelligence and humanoid robots.
“In general, as pro-growth measures are swiftly implemented, their effects will continue to emerge, further promoting the country’s high-quality economic development,” Ding added.
China’s GDP grew by 5.4 percent year on year in the first quarter of 2025.