Connect with us

China

Tesla က ရှန်ဟိုင်းမြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားသော စွမ်းအင်သိုလှောင်ရေးစခန်း တည်ဆောက်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အမေရိကန်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း Tesla ၏ Megafactory ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Tesla က ၎င်းတို့၏ Megapack စွမ်းအင်သိုလှောင်ရေးဘက်ထရီများကို အသုံးပြုသည့် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားသော စွမ်းအင်သိုလှောင်ရေးစခန်းကို ရှန်ဟိုင်းမြို့တွင် တည်ဆောက်ရန် သဘောတူစာချုပ်ကို ဇွန် ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၅၆ သန်းခန့်) တန်ဖိုးရှိသော အဆိုပါ သဘောတူစာချုပ်သည် တရုတ်နိုင်ငံ၏ လျင်မြန်စွာကြီးထွားဖွံ့ဖြိုးလာသည့် စွမ်းအင်သိုလှောင်မှုဈေးကွက်အတွင်း Tesla ၏ တိုးချဲ့ဝင်ရောက်လာခြင်း အထိမ်းအမှတ်ဖြစ်ကာ ၎င်း၏လုပ်ငန်းက ကမ္ဘာပေါ်၌ အကြီးမားဆုံးဖြစ်သော တရုတ်နိုင်ငံ၏ ကျယ်ပြန့်လှသည့် လျှပ်စစ်ဓာတ်အားကွန်ရက်နှင့် ချိတ်ဆက်နိုင်ရန် ဖော်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
Tesla ၊ လျင်ကန်အထူးဧရိယာ စီမံခန့်ခွဲရေးကော်မတီ၊ ရှန်ဟိုင်းဖုန့်ရှန်ခရိုင် ပြည်သူ့အစိုးရနှင့် China Kangfu International Leasing ကုမ္ပဏီလီမိတက်တို့ လက်မှတ်‌ရေးထိုးထားသော သဘောတူစာချုပ်အရ ဂစ်ဂါ ဝပ်နာရီပမာဏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော စွမ်းအင်သိုလှောင်ရေးစခန်းသည် တရုတ်နိုင်ငံ (ရှန်ဟိုင်း) လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန်၏ လျင်ကန်အထူးဧရိယာတွင် တည်ရှိမည်ဖြစ်သည်။
ယင်းမှာ တရုတ်ပြည်မကြီးတွင် တည်ဆောက်မည့် Tesla ၏ ပထမဆုံး လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားသော စွမ်းအင်သိုလှောင်ရေးစခန်း ဖြစ်လာမည် ဖြစ်သည်။
ထို့ပြင် Tesla အနေဖြင့် ကမ္ဘာတစ်ဝန်း ကာဗွန်ဇီးရိုးစွမ်းအင်ထုတ်လုပ်မှု ဖော်ဆောင်နိုင်ရန် China Kangfu ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် စတင်လုပ်ဆောင်မည်ဖြစ်သည်။
Gigafactory ပြီးနောက် ရှန်ဟိုင်းမြို့တွင် Tesla ၏ ဒုတိယမြောက်စက်ရုံအဖြစ် လျင်ကန်အထူးဧရိယာရှိ Megafactory စက်ရုံအသစ်က ယခုနှစ် ဖေဖော်ဝါရီလတွင် Megapack ဘက်ထရီများ စတင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
Tesla သည် ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်သိုလှောင်ဖြန့်ကြက်မှုများ၌ ယမန်နှစ်နှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးမြှင့်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Tesla to build grid-side energy storage station in Shanghai
SHANGHAI, June 21 (Xinhua) — U.S. carmaker Tesla on Friday inked a deal with Chinese partners to build a grid-side energy storage station in Shanghai using its Megapack energy-storage batteries.
The deal, with a total investment of 4 billion yuan (about 556 million U.S. dollars), marked Tesla’s expansion into China’s burgeoning energy storage market, paving the way for its facility to connect with the country’s vast power grid, the largest in the world.
The gigawatt-hour-scale energy storage station is to be located in the Lin-gang Special Area of China (Shanghai) Pilot Free Trade Zone, as per the deal signed by Tesla, the administrative committee of the Lin-gang Special Area, the people’s government of Shanghai’s Fengxian District, and China Kangfu International Leasing Co., Ltd.
It will be Tesla’s first grid-side energy storage station to be built on the Chinese mainland.
Also, Tesla is set to enhance its collaboration with China Kangfu to roll out the zero-carbon energy solution globally.
In February this year, Tesla’s new Megafactory in the Lin-gang Special Area, its second plant in Shanghai after the Gigafactory, started production of Megapack batteries.
Tesla anticipates a year-on-year increase of 50 percent in energy storage deployments in 2025.
Photo: An aerial drone photo shows U.S. carmaker Tesla’s Megafactory in Shanghai, east China, Feb. 8, 2025. (Xinhua/Fang Zhe)