Connect with us

China

တရုတ်နိုင်ငံ၏ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ စစ်မှုထမ်းဟောင်းများက စက်တင်ဘာ ၃ ရက် စစ်ရေးပြချီတက်ပွဲတွင် ပါဝင်မည်

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အတွေ့အကြုံများရှိသော တရုတ်တပ်ဖွဲ့ဝင်များသည် ဂျပန်၏ ကျူးကျော်မှုနှင့် ဖက်ဆစ်ဆန့်ကျင်ရေး အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စက်တင်ဘာ ၃ ရက် စစ်ရေးပြချီတက်ပွဲ၌ ပါဝင်မည်ဖြစ်ကြောင်း စစ်ဘက်အဆင့်မြင့်အရာရှိက ဇွန် ၂၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထိုသို့ ပါဝင်မှုမှာ တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်မှုအား တရုတ်နိုင်ငံ၏ ဂုဏ်ပြုအခမ်းအနားအဖြစ်သာလျှင်မကဘဲ နိုင်ငံတကာ တာဝန်ဝတ္တရားများ ထမ်းဆောင်ခြင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ဖော်ပြခြင်းလည်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ပူးတွဲကွပ်ကဲရေးဌာနချုပ်မှ အကြီးတန်းအရာရှိ ဝူကျယ်ခဲက ပြောခဲ့သည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ၌ ပါဝင်လာချိန်မှစ၍ နှစ်ပေါင်း ၃၅ နှစ် တစ်လျှောက်လုံး တရုတ်တပ်မတော်သည် နိုင်ငံနှင့် ဒေသ ၂၀ ကျော်ထံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော် စေလွှတ်ခဲ့ကာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် ၂၆ ခု ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ တရုတ်တပ်ဖွဲ့ဝင် ၁၇ ဦးမှာလည်း စွန့်လွှတ်အနစ်နာခံ အသက်စွန့်ခဲ့ကြောင်း ဝူက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4Ee
……………………………………..
(English Version)
China’s UN peacekeeping veterans to participate in Sept. 3 military parade
BEIJING, June 24 (Xinhua) — Chinese troops with UN peacekeeping experiences will participate in the Sept. 3 military parade marking the 80th anniversary of the victory against Japanese aggression and fascism, said a senior military officer at a press conference on Tuesday.
This arrangement not only highlights China’s solemn commemoration of the victory in the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War, but also demonstrates the country’s commitment to fulfilling international obligations and safeguarding world peace, said Wu Zeke, a senior officer of the Joint Staff Department of the Central Military Commission.
Wu noted that throughout the 35 years since China joined UN peacekeeping operations, the Chinese military has deployed more than 50,000 peacekeepers to over 20 countries and regions, undertaking 26 UN peacekeeping missions. A total of 17 Chinese servicemembers have made the ultimate sacrifice in the pursuit of world peace, Wu added. xhtxs.cn/4Ee