Connect with us

China

ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေး အခင်းအကျင်းက လေးနက်သိမ်မွေ့သော ပြောင်းလဲမှု ဖြစ်ပေါ်လျက်ရှိကြောင်း တရုတ်ဝန်ကြီးချုပ်ပြော

ထျန်းကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး အခင်းအကျင်းမှာ လေးနက်သိမ်မွေ့သော ပြောင်းလဲမှု ဖြစ်ပေါ်လျက်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဇွန် ၂၅ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် နွေရာသီ ဒါဗို့စ် အစည်းအဝေးဟု လူသိများသော ၁၆ ကြိမ်မြောက် ချန်ပီယံသစ်များ နှစ်ပတ်လည်အစည်းအဝေး၊ မျက်နှာစုံညီဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ လီက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်ရေးစနစ်သည် ကမ္ဘာ့တောင်ဘက်ခြမ်း လျင်မြန်စွာ တိုးတက်လာသည်နှင့်အတူ ပို၍ကွဲပြားခြားနားမှု ဖြစ်ပေါ်လာလျက်ရှိကြောင်း၊ သမားရိုးကျ ကုန်သွယ်ရေး တိုးတက်မှုမှာမူ တဖြည်းဖြည်း နှေးကွေးလာပြီး ထွန်းသစ်စ ကုန်သွယ်ရေးမှာ ထူးခြားမှုများဖြင့် တိုးတက်လာခဲ့ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။ (Xinhua)
……………………………………..
(English Version)
World’s economic, trade landscape undergoing profound change: Chinese premier
TIANJIN, June 25 (Xinhua) — Chinese Premier Li Qiang said on Wednesday that the international economic and trade landscape is undergoing a profound change.
Li made the remarks when addressing the opening plenary of the 16th Annual Meeting of the New Champions, also known as the Summer Davos, in north China’s Tianjin Municipality.
The global economic and trade system is becoming increasingly diverse, with the Global South rising rapidly, Li said, noting that while the growth of traditional trade is slowing down, emerging trade has grown against the odds.