China
တရုတ်နိုင်ငံ ပြည်နယ်အဆင့်ဒေသ ၃ ခုတွင် ရေကြီးမှုဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု စတင်

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနသည် မိုးသည်းထန်စွာ ရွာသွန်းမှုအသစ်တစ်ရပ်ကြောင့် ချုံချင့်၊ စီချွမ်းနှင့် ကန်းစု စသည့်နေရာများတွင် ရေကြီးမှုဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု အဆင့် ၄ ကို ဇွန် ၂၉ ရက်က စတင်လိုက်သည်။ လာမည့်ရက်အနည်းငယ်အတွင်း အဆိုပါ ပြည်နယ်အဆင့် ဒေသသုံးခုသည် မိုးသည်းထန်စွာ ရွာသွန်းမှုကို ကြုံတွေ့ရဖွယ်ရှိပြီး မြစ်ရေကြီးခြင်းသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နိုင်သည်ဟု ခန့်မှန်းထားသည်။
မြစ်ရေနှင့် မိုးရေချိန်တို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လေ့လာရန်၊ အချိန်နှင့်တစ်ပြေးညီ သတိပေးချက်များ ထုတ်ပြန်ရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် လိုအပ်ပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ဆောင်ရွက်ရန် ရေအရင်းအမြစ်ဝန်ကြီးဌာနက အဆိုပါ ဒေသများရှိ အာဏာပိုင်များအား တိုက်တွန်းထားသည်။
တရုတ်နိုင်ငံတွင် အရေးပေါ်တုံ့ပြန်မှုစနစ် လေးဆင့်ရှိပြီး အဆင့် ၁ သည် အပြင်းထန်ဆုံး တုံ့ပြန်မှုဖြစ်သည်။ (Xinhua)
……………………
(English Version)
China activates emergency response to flooding in 3 provincial-level regions
BEIJING, June 29 (Xinhua)
BEIJING, June 29 (Xinhua) — The Ministry of Water Resources on Sunday activated a Level-IV emergency response to flooding in Chongqing, Sichuan and Gansu amid a new round of heavy rainfall.
Over the next few days, these three provincial-level regions are forecast to experience torrential rains that could push river levels above warning thresholds.
Authorities in these regions have been urged to enhance real-time monitoring of rivers and rainfall, issue timely warnings, and carry out evacuations if necessary to protect lives and property, the ministry said.
China has a four-tier emergency response system, with Level I being the most severe response.