Africa & Middle East
အီဂျစ်နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်သစ်၌ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဗဟိုချက်နေရာ လည်ပတ်ရေးအတွက် တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုး

ကိုင်ရို၊ ဇွန် ၄ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ မြို့ပြဧရိယာသစ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့နှင့် တရုတ်-အီဂျစ် ဖက်စပ်လုပ်ငန်းတစ်ခုတို့မှာ အီဂျစ်နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်သစ်၌ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဗဟိုချက်နေရာ (CBD) ဘက်စုံ လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုသဘောတူညီချက်အရ အီဂျစ်နိုင်ငံမှ Horizon Operations Management ကုမ္ပဏီလီမိတက်အနေဖြင့် CBD စီမံကိန်း လည်ပတ်ရေးအတွက် တာဝန်ယူမည်ဖြစ်ကာ ကနဦးအနေဖြင့် အိမ်ရာအဆောက်အအုံနှင့် မြို့တော်စည်ပင်သာယာရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်၌ အရေးကြီး အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အပြင် CBD စီမံကိန်းဧရိယာ၌ နေထိုင်သူများ၊ ခရီးသွားဧည့်သည်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် စုပေါင်းမြို့ပြဝန်ဆောင်မှုလုပ်ငန်းများ စီစဉ်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်ဟု လက်မှတ်မရေးထိုးမီ အကြိုဆွေးနွေးပွဲ၌ အီဂျစ်နိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးဝန်ကြီး ရှရစ်ဖ် အယ်လ်-ရှာဘီနီက ပြောကြားခဲ့ကြောင်း အီဂျစ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန် ၁ ရက်က ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ အီဂျစ်နိုင်ငံဝန်ကြီးချုပ် မိုစတာဖာ မက်ဘူလီ၊ တရုတ်နိုင်ငံ အိမ်ရာနှင့် မြို့ပြ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တုန်ကျန့်ကော်နှင့် CBD စီမံကိန်း ဖော်ဆောင်မှုအား ဦးစီးဆောင်ရွက်ခဲ့သည့် China State Construction Engineering Corporation မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
မြို့တော်ကိုင်ရို၏ အရှေ့ဘက် ၅၀ ကီလိုမီတာခန့်အကွာရှိ သဲကန္တာရ၏ အလယ်ဗဟို၌ တည်ရှိသော CBD စီမံကိန်းမှာ တရုတ်-အီဂျစ် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် ပူးတွဲဖော်ဆောင်မှု၏ အဓိက စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစီမံကိန်း၌ စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေထိုင်ရာ မိုးမျှော်အဆောက်အအုံ ၂၀ အပြင် အာဖရိကဒေသ၌ အမြင့်ဆုံး အဆောက်အဦဖြစ်သော အမြင့် ၃၈၅.၈ မီတာရှိ အထင်ကရ တာဝါတစ်ခု အပါအဝင် အထောက်အကူပြု မြူနီစီပယ် အခြေခံအဆောက်အအုံများလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China, Egypt ink deal on operation of CBD in New Administrative Capital
CAIRO, June 2 (Xinhua) — Egypt’s New Urban Communities Authority and a Chinese-Egyptian joint venture have signed a comprehensive operation and maintenance agreement for the Central Business District (CBD) in Egypt’s New Administrative Capital.
According to the agreement, Horizon Operations Management (Egypt) Co., Ltd. will be responsible for the operation of the CBD project, initially focusing on property and municipal management.
According to a statement by the Egyptian cabinet, Egyptian Minister of Housing Sherif El-Sherbiny said during pre-signing talks that the agreement covers the maintenance and management of important facilities and the provision of integrated urban services to residents, tourists, and businesses in the CBD.
The signing ceremony on Sunday was also attended by Egyptian Prime Minister Mostafa Madbouly, China’s Vice Minister of Housing and Urban-Rural Development Dong Jianguo, and representatives of China State Construction Engineering Corporation, which led the construction of the CBD.
Located in the heart of the desert some 50 km east of the capital Cairo, the CBD is one of the key projects of the China-Egypt joint construction of the Belt and Road Initiative. The project includes 20 commercial and residential skyscrapers as well as supporting municipal infrastructure, among which is a 385.8-meter-high iconic tower, the tallest building in Africa.
English Caption
This photo taken on Sept. 18, 2024 shows a view of the Central Business District (CBD) of Egypt’s new administrative capital, east of Cairo, Egypt. (Xinhua/Wang Dongzhen)