China
တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ စီးပွားရေးတိုးတက်မှုအတွက် အဓိကကျသည်ဟု INSEAD တက္ကသိုလ် မဟာဌာနမှူး ဆို

ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)
ကမ္ဘာကြီးသည် ကုန်သွယ်ရေးနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ မရေရာမှုများ မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရစဉ် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု၊ စီးပွားရေးတိုးတက်မှုအတွက် အလွန်အရေးပါသော မောင်းနှင်အားအဖြစ် ဆက်လက်ရပ်တည်နေသည်ဟု ဥရောပတွင် တည်ထောင်ထားသော ကမ္ဘာ့ထိပ်တန်း စီးပွားရေးတက္ကသိုလ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် INSEAD တက္ကသိုလ် မဟာဌာနမှူး ပါမောက္ခ ဖရန်ဆစ်စကို ဗယ်လိုဆိုက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ဗယ်လိုဆိုက မကြာမီက ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးအတွင်း တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှု အခင်းအကျင်း၏ စွမ်းအားကို မီးမောင်းထိုးပြခဲ့ပြီး တရုတ်နိုင်ငံမှာ ယင်း၏ စီးပွားရေးကို အရှိန်အဟုန်မပြတ် ထိန်းထားကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိသည့် ကြီးမားသော အင်အားတစ်ရပ် ဖြစ်သည်ဟုလည်း ရည်ညွှန်းပြောဆိုခဲ့သည်။
“တရုတ်နိုင်ငံဟာ တီထွင်ဆန်းသစ်မှုမှာ အံ့မခန်းလောက်စရာ သမိုင်းကြောင်းရှိပြီး အချိန်ကာလအသီးသီးမှာ နည်းလမ်းအမျိုးမျိုးနဲ့ တိုးတက်ပြောင်းလဲနေပါတယ်” ဟု ဗယ်လိုဆိုက ဆိုသည်။ သိသာထင်ရှားသော တိုးတက်မှုတစ်ခုမှာ ဒစ်ဂျစ်တယ်နည်းပညာများကို အလျင်အမြန် လက်ခံကျင့်သုံးပြီး အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ တိုးပွားလာသည့် ဆန်းသစ်တီထွင်မှု စွမ်းရည်များကို ပေါင်းစပ်အသုံးပြုခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ပင်ကိုစွမ်းရည်နှင့် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုအပေါ် အစိုးရ၏ ခိုင်ခိုင်မာမာ ပံ့ပိုးမှုများ ရရှိထားချိန်တွင် တရုတ်နိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု၌ အသာစီးရစေရန် တွန်းအားပေးမောင်းနှင်လျက်ရှိသော “တီထွင်ဆန်းသစ်မှုများစွာ” တို့ကို ဖန်တီးနိုင်ခဲ့သည်ဟု ဗယ်လိုဆိုက သုံးသပ်ခဲ့သည်။
ယခုအခါ တရုတ်နိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ယာဉ်၊ ဘက်ထရီ၊ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာ (AI) ၊ e-commerce နှင့် ငွေကြေးဝန်ဆောင်မှု နည်းပညာ စသော ကဏ္ဍအများအပြားတွင် ဆန်းသစ်တီထွင်ရာ၌ ခေတ်ရှေ့ပြေးနိုင်ရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ ဆန်းသစ်တီထွင်မှုအတွက် တွန်းအားပေးလုပ်ဆောင်နိုင်ခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံက တည်ဆောက်ခဲ့သည့် ခိုင်မာအားကောင်းသော အခြေခံအဆောက်အအုံ၊ အပြိုင်အဆိုင်ရှိ၍ ကြီးမားကျယ်ပြန့်သော ပြည်တွင်းဈေးကွက်၊ ခိုင်မာအားကောင်းသော ကုန်ထုတ်လုပ်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုမြင့်မားသော လူရည်ချွန်အစုအဖွဲ့ များပြားလာခြင်း စသော အခန်းကဏ္ဍများကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ယူဆလျက်ရှိသည်။
ဗယ်လိုဆိုက တရုတ်နိုင်ငံ၏ စီးပွားရေး အလားအလာများအပေါ် များစွာအကောင်းမြင်လျက်ရှိပြီး တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှု ဗဟိုချက်နေရာများတွင် ဖြစ်ပေါ်နေသည့် တီထွင်ဆန်းသစ်မှု ပတ်ဝန်းကျင်မှာ သိသာထင်ရှားသော အရှိန်အဟုန်များ ရရှိနေသလို အမှီအခိုကင်းစွာ ဆက်လက်တိုးတက်လာလိမ့်မည်ဟုလည်း ၎င်းက ယုံကြည်လျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/37t
…………………………………………………
(English Version)
China key to global innovation, economic growth, says INSEAD Dean
BEIJING, June 4 (Xinhua) — As the world faces growing uncertainties in trade and geopolitics, China remains a critical driver of global innovation and economic growth, said Prof. Francisco Veloso, Dean of INSEAD, one of the world’s top business schools founded in Europe.
In a recent exclusive interview with Xinhua, Veloso, who came to Beijing for closer cooperation with leading Chinese universities, highlighted the dynamism of China’s innovation landscape, describing it as a powerful force that sustains its economy and attracts foreign investment.
“China has an incredible history of innovation, evolving across different periods and in diverse ways,” said Veloso. One significant development has been the combination of the accumulation of innovation capabilities over time with the rapid adoption of digital technologies, he said.
When the strong government support for talent and technological advancement comes in, China has created “an avalanche of innovation” that is now propelling China toward the cutting edge of global innovation, Veloso observed.
Now China is pushing the boundaries of innovation across multiple sectors, including electric vehicles, batteries, renewable energy, artificial intelligence (AI), e-commerce, and fintech, he said.
He also attributed this innovation push to factors including a robust infrastructure that China has been building in the past decades, a large and competitive domestic market, strong manufacturing capabilities, and a growing pool of highly skilled talent.
Veloso sees the prospects of China’s economy very positively, as he believes the innovation ecosystem formed in China’s innovation hubs is gaining significant momentum and will continue to grow in a self-sustaining way. xhtxs.cn/37t