China
တရုတ်နိုင်ငံ၏ ဉာဏ်ရည်ထည့်သွင်းမောင်းနှင်သည့်နည်းပညာများက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ လမ်းအန္တရာယ်ကင်းရှင်းရေးအစီအစဉ်တွင် ထည့်သွင်းပြသခဲ့

ဘန်ကောက်၊ ဇွန် ၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) က စီစဉ်ကျင်းပသော လမ်းအန္တရာယ်ကင်းရှင်းရေးသီတင်းပတ် အစီအစဉ်များအတွင်း ဇွန် ၄ ရက်က ပြုလုပ်သော ပြပွဲ၌ တရုတ်မော်တော်ကားထုတ်လုပ်သူများက လွန်စွာအရေးပါသောနေရာ၌ ပါဝင်ခဲ့ကြပြီး ဉာဏ်ရည်တု ထည့်သွင်းထားသော ယာဉ်မောင်းနှင်မှုနည်းပညာများနှင့် စနစ်များ ပါဝင်သည့် နောက်ဆုံးပေါ် ကားမော်ဒယ်များကို ထည့်သွင်းပြသခဲ့ကြသည်။
ထိုင်းနိုင်ငံရှိ တရုတ်မော်တော်ကားထုတ်လုပ်သူ ဦးဆောင်ကုမ္ပဏီများအနက် Changan Automobile ၊ GAC Group ၊ BYD နှင့် Great Wall Motor တို့သည် Mercedes-Benz နှင့် Land Rover စသည့် ကမ္ဘာ့မော်တော်ကားကုမ္ပဏီများနှင့် လက်တွဲကာ မော်တော်ယာဉ် လိုက်လျောညီထွေထိန်းချုပ်မောင်းနှင်မှုနှင့် အလိုအလျောက် ကားရပ်နားခြင်း စသည့် စွမ်းဆောင်မှုများ အပါအဝင် တည်ငြိမ်သောခင်းကျင်းပြသမှုများနှင့် သွက်လက်သော သရုပ်ပြမှုများမှတစ်ဆင့် ယာဉ်မောင်းသူအား အထောက်အကူပြု အဆင့်မြင့်စနစ်များကိုလည်း ထည့်သွင်းပြသထားသည်။
အဆိုပါ ပြပွဲသည် ESCAP နှင့် ဥရောပဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင် (UNECE) ၊ ဥရောပသမဂ္ဂ၊ ဂျာမနီ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းနှင့် အမျိုးသားထိန်းကြီးကြပ်ရေးအဖွဲ့များထံမှ ကိုယ်စားလှယ် ၁၀၀ ကျော်အား ဆွဲဆောင်ထားခဲ့သည်။
တရုတ်နိုင်ငံက သတင်းအချက်အလက်နှင့် စည်းကမ်းကြီးကြပ်ရေးပူးပေါင်းဆောင်ရွက်မှု မျှဝေရာတွင် အကျိုးဆောင်လျက်ရှိကြောင်း UNECE အောက်ရှိ အလိုအလျောက်နှင့် ကွန်ရက်ချိတ်ဆက်မော်တော်ယာဉ်များဆိုင်ရာ Working Party ဥက္ကဋ္ဌ ရစ်ချက်ဒမ်က ပြောကြားခဲ့သည်။ “သတင်းအချက်အလက် မျှဝေကာ ဆက်စပ်စည်းမျဉ်းစည်းကမ်းတွေ ဖော်ထုတ်ခြင်းအားဖြင့် အကျိုးပြုပေးတဲ့ တရုတ်အစိုးရနဲ့ စက်မှုလုပ်ငန်းမိတ်ဖက်ကုမ္ပဏီတွေရဲ့ လုပ်ဖော်ဆောင်ဖက်တွေကို အလွန်ပဲကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆင်ဟွာကို ပြောခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လမ်းအန္တရာယ်ကင်းရှင်းရေးသီတင်းပတ်အစီအစဉ်များ၌ GAC M8 PHEV (Plug-in ဟိုက်ဘရစ်လျှပ်စစ်ကား) မသန်စွမ်းသူများအတွက် ကားထိုင်ခုံဒီဇိုင်းအား သရုပ်ပြနေသည့် ဝန်ထမ်းတစ်ဦးကို ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China’s intelligent driving technologies showcased at UN road safety event in Bangkok
BANGKOK, June 5 (Xinhua) — Chinese carmakers took center stage at an exhibition on Wednesday during the Road Safety Week events organized by the United Nations Economic and Social Commission for Asia and the Pacific (UNESCAP) in Bangkok, presenting their latest models supported by world-leading intelligent driving technologies and systems.
Several leading Chinese carmakers in Thailand — Changan Automobile, GAC Group, BYD, and Great Wall Motor — joined global peers like Mercedes-Benz and Land Rover to showcase advanced driver-assistance systems through static displays and dynamic demonstrations, including features such as adaptive cruise control and automatic parking.
The exhibition attracted more than 100 delegates from international organizations and national regulators, including the ESCAP and the United Nations Economic Commission for Europe (UNECE), the European Union, Germany, the United States, Canada, Japan, South Korea, Thailand.
Richard Damm, chairman of the Working Party on Automated/Autonomous and Connected Vehicles under UNECE, said China has contributed to the sharing of information and regulatory cooperation. “It’s very much appreciated that the colleagues from the Chinese government and the industry partners are contributing by sharing information and developing related regulations,” he told Xinhua.
Photo 1: A staff member demonstrates the autonomous parking function inside an Avatar vehicle during the Road Safety Week events in Bangkok, Thailand, June 4, 2025. (Xinhua/Sun Weitong)
Photo 2: A staff member demonstrates the barrier-free design of a GAC M8 PHEV (Plug-in Hybrid Electric Vehicle) vehicle during the Road Safety Week events in Bangkok, Thailand, June 4, 2025. (Xinhua/Sun Weitong)