Connect with us

China

တရုတ်နိုင်ငံက ကျေးလက်ဒေသများတွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်ကမ်ပိန်းများ လုပ်ဆောင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ၂၀၂၅ ခုနှစ် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဧရိယာ နိုင်ငံတကာ မော်တော်ကားပြပွဲအတွင်း BYD ကုမ္ပဏီပြခန်းကို လာရောက်လေ့လာသူများအား ၂၀၂၅ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုင်ငံအတွင်း ကျေးလက်ဒေသများ၌ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEVs) အသုံးပြုရာတွင် ပတ်ဝန်းကျင်အခြေအနေပံ့ပိုးမှု မြှင့်တင်ပေးရန် အရှိန်မြှင့်ခြင်းနှင့်အတူ NEV သုံးစွဲမှုကို အားပေးမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရဌာနငါးခုက ဇွန် ၃ ရက်တွင် ထုတ်ပြန်လိုက်သော ကြေညာချက်အရ NEV အားပေးမြှင့်တင်မှုကမ်ပိန်းများကို NEV ထိုးဖောက်ဝင်ရောက်မှုနှုန်း နည်းပါးသေးသော်လည်း ယင်းအားအသုံးပြုမှု အလားအလာကြီးမားသည့် ခရိုင်အချို့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားပေးမြှင့်တင်မှုကမ်းပိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုကျေးလက်ဒေသများရှိ ယာဉ်မောင်းနှင်မှုအခြေအနေများနှင့် သင့်လျော်သော၊ ဂုဏ်သတင်းကောင်းများရှိထားပြီး ယုံကြည်စိတ်ချရသောအရည်အသွေးရှိပြီးသားဖြစ်သော NEV ကားမော်ဒယ်များအား ရွေးချယ်မည်ဖြစ်သည်။ ပြပွဲပြသခြင်းများနှင့် စမ်းသပ်မောင်းနှင်မှုများ စသည့် အစီအစဉ်များကိုလည်း စီစဉ်ကျင်းပမည် ဖြစ်သည်။
MIIT ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ကြေညာချက်ပါ စာရင်းအရ အားပေးမြှင့်တင်မှုကမ်ပိန်းများ၌ ပါဝင်သည့် လျှပ်စစ်ကားများနှင့် ဟိုက်ဘရစ်ကားများ (hybrids) နှစ်မျိုးလုံး အပါအဝင် စုစုပေါင်း NEV ကားမော်ဒယ် ၁၂၄ မျိုး ရှိပြီး NEV BYD ၊ Geely ၊ GAC Aion ၊ Xpeng တို့အပြင် Tesla ၏ Model 3 နှင့် Model Y စသည့် ကားထုတ်လုပ်ရေးကုမ္ပဏီများမှ မော်တော်ယာဉ်များ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်းမှ အချက်အလက်များအရ တရုတ်နိုင်ငံရှိ NEV ထုတ်လုပ်မှုမှာ ၂၀၂၅ ခုနှစ် ပထမလေးလတာကာလအတွင်း အစီးရေ ၄.၄၃ သန်းနီးပါးရှိခဲ့ရာ ယမန်နှစ် ကာလတူထက် ၄၈.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို ရောင်းအားအနေဖြင့် အစီးရေ ၄.၃ သန်း ရှိခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၄၆.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ NEV ကားအစီးရေသည် တရုတ်နိုင်ငံရှိ စုစုပေါင်း မော်တော်ကားအသစ်ရောင်းအား၏ ၄၂.၇ ရာခိုင်နှုန်းရှိသည်။
တရုတ်နိုင်ငံတစ်ဝန်း လျှပ်စစ်ကားများအားသွင်းသည့် အခြေခံအဆောက်အအုံ အရေအတွက် များပြားလာခဲ့သလို မတ်လကုန်ပိုင်းတွင် အရေအတွက် ၁၃.၇၅ သန်းနီးပါးအထိ ရောက်ရှိလာခဲ့သည်။ ယင်းကိန်းဂဏန်းမှာ NEV ကားများအတွက် အများပြည်သူသုံးအားသွင်းနေရာ ၃.၉ သန်းနှင့် ပုဂ္ဂလိကအားသွင်းနေရာ ၉.၈၅ သန်း အပါအဝင်ဖြစ်ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
China launches NEV promotional campaigns in rural regions
BEIJING, June 3 (Xinhua) — China is seeking to boost the consumption of new energy vehicles (NEVs) in the country’s rural regions with accelerated efforts to improve the supporting environment for their use.
According to a circular issued by five government departments on Tuesday, including the Ministry of Industry and Information Technology (MIIT) and the Ministry of Commerce, promotional campaigns for NEVs will be carried out in certain counties where the NEV penetration rate is low but the consumption potential is huge.
As part of these promotional campaigns, NEV models that are suitable for driving conditions in rural areas, have good reputations and are known for reliable quality will be selected. Activities such as exhibitions and test drives will be organized.
According to a list attached to the circular posted on the MIIT website, a total of 124 NEV models, including both EVs and hybrids, are included in the promotional campaigns, featuring vehicles from manufacturers such as BYD, Geely, GAC Aion, and Xpeng, as well as Tesla’s Model 3 and Model Y.
Data from the China Association of Automobile Manufacturers showed that NEV production in China had surged 48.3 percent year on year to nearly 4.43 million units in the first four months of 2025, with sales up by 46.2 percent year on year to 4.3 million units. NEVs accounted for 42.7 percent of total new vehicle sales in China in the January-April period this year.
The cumulative number of charging infrastructure facilities nationwide had reached almost 13.75 million at the end of March. This figure included 3.9 million public charging points for NEVs and 9.85 million private charging installations, official data revealed.
Photo: Visitors tour the booth of BYD during the 2025 Guangdong-Hong Kong-Macao Greater Bay Area International Auto Show in Shenzhen, south China’s Guangdong Province, May 31, 2025. (Xinhua/Liang Xu)